Jan 03, 2020
မန္တလေး ဇန်နဝါရီ ၃
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ လူမှုဘ၀ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ ပေးလျက်ရှိရာ ယခုနှစ်အတွက် သင်တန်းသား/သူများအား ဇန်နဝါရီလမှစတင် ခေါ်ယူ သင်ကြား လျက်ရှိပြီး ပုံမှန်သင်တန်းများနှင့် အခြားသင်တန်း များလည်း ရှိကြောင်း သိရသည်။
Jan 03, 2020
မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်လိုက်သော ပါမောက္ခချုပ် ဆရာတော်ကြီး၏တရားကို နာရသည့်အခါ နိုင်ငံသားတို့ ညီညွတ်ခြင်းနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းတို့ ဆက်စပ်မှုကို ကွက်ကွက်ကွင်းကွင်း သိမြင်ရပါသည်။ ကျေးဇူး ကြီးမြတ်လှပါသည်။
မြတ်စွာဘုရား၏ ပိဋကတ်တော်လာဓမ္မများကို ကိုးကားပြီး နိုင်ငံသားတို့အချင်းချင်းကြား ဆန့်ကျင်မှုများပြားခြင်း၊ မညီညွတ်ခြင်းတို့၏ အပြစ်များကို ဟောပြောခဲ့သည်မှာ မြန်မာ့ လူမှုအဖွဲ့အစည်းအတွက် မှတ်သားနာယူဖွယ် ဖြစ်ပါ၏။
Jan 02, 2020
မန္တလေး ဇန်နဝါရီ ၂
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ယခုနှစ် မတ် ၁၁ ရက် မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ ဖြေဆိုရန်လျှောက်ထားသူဦးရေမှာ လက်ရှိစာရင်းများအရ ၁၃၃၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၂၇ ရက်တွင် မန္တလေးမြို့ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ပြုလုပ်သည့် ကြီးကြပ်ရေးမှူးများ သင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံက ပြောကြားသည်။
ပိုမိုများပြားလာ
Jan 02, 2020
ရန်ကုန် ဇန်နဝါရီ ၂
Jan 02, 2020
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “နိုင်ငံ၏တန်ဖိုး လူမျိုး၏ဂုဏ်သိက္ခာ” ရောင်စုံဓာတ်ပုံပြိုင်ပွဲနှင့် ပို့စကတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ Pan Pacific ဟိုတယ်၌ ကျင်းပသည်။
Jan 02, 2020
မျက်မှောက်ကာလသည် တိုင်းပြည်ကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်အောင် နိုင်ငံတကာအလယ်တွင် တင့်တယ်ထည်ဝါစွာ ရပ်တည်နေထိုင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်နေသော အချိန်ကာလဖြစ်သည်။ ဒုတိယကမ္ဘာစစ်ပြီး သည့် ကာလနောက်ပိုင်းမှစ၍ ကမ္ဘာပေါ်ရှိ ကိုလိုနီပြုခြင်းခံခဲ့ရသည့် နိုင်ငံ များသည် ကိုယ်စီကိုယ်စီ ရှေ့ဆင့်နောက်ဆင့် လွတ်လပ်ရေးရရှိခဲ့ကြပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးကို မြန်မြန်ဆန်ဆန် လုပ်ကိုင်ခဲ့ကြသည်။
Jan 02, 2020
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၀ ပြည့်နှစ်၊ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင် (ဒုတိယနေ့) ကို ယနေ့ ည ၇ နာရီခွဲတွင် ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းရှိ ပြည်သူ့ဥယျာဉ်၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
Jan 02, 2020
ရန်ကုန် ဇန်နဝါရီ ၂
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်အခြေစိုက် Hainan TV Station မှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က ကန်တော်ကြီးပန်းခြံနှင့် မေတ္တာညွန့်ဘူတာ အနီးတစ်ဝိုက်တွင် အများပြည်သူ လှုပ်ရှားသွားလာနေပုံကို သတင်းမှတ်တမ်း ရိုက်ကူးသည်။ ၎င်းအဖွဲ့သည် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးအကြိုနေ့ကလည်း ရွှေတိဂုံ စေတီတော်တွင် အများပြည်သူဘုရားဖူးကြပုံ၊ မြန်မာ့ရိုးရာအစားအစာများ စုပေါင်းချက်ပြုတ်စားသောက်မှုဖြင့် နှစ်သစ်ကူးကြိုဆိုကြပုံများကို ရိုက်ကူးခဲ့သည်။