Skip to main content

Jan 03, 2020

မြန်မာနိုင်ငံသည် ၁၉ ရာစုနှောင်းပိုင်းတွင် တိုင်းတစ်ပါးလက်အောက် ကျရောက်ခဲ့သည်။ လွတ်လပ်ရေး ဆုံးရှုံးပြီး ၁၉၀၁ ခုနှစ် ၂၀ ရာစုခရီးအစမှ ၁၉၄၈ ခုနှစ်အထိ ရာစုတစ်ဝက်နီးပါးမျှ လွတ်လပ်ရေးအတွက် ကြိုးပမ်း ခဲ့ရသည်။ ၂၀ ရာစု၏ ရာစုနှစ်တစ်ဝက်ကျော် ၂၀၀၀ ပြည့်နှစ် ခရီးဆုံး ရောက်သည်အထိ လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော် ဇန်နဝါရီ ၃ 

နေပြည်တော်၌ ကျင်းပလျက်ရှိသည့် ၂၀၂၀ ပြည်နှစ် ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ပြသရောင်းချပွဲတွင် ကျောက်မျက်အတွဲ (၂၈၆) တွဲနှင့် ကျောက်စိမ်းအတွဲ (၃၆၉၅) တွဲတို့ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်သည်။

ပြပွဲ ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းမှစ၍ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမဝင်းအတွင်းဆက်လက်ကျင်းပလျက်ရှိရာ သတ်မှတ်ဇုန်နေရာများအလိုက်ခင်းကျင်း ပြသထားသည့်ကျောက်မျက်ရတနာများအား ရတနာကုန်သည်များက လွတ်လပ်စွာလေ့လာ ကြည့်ရှုကြပြီး တင်ဒါပုံးများအတွင်း တင်ဒါများထည့်သွင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော်ဇန်နဝါရီ  ၃

"စာဖတ်ပြပါ၊ အာဆီယံ-ကိုရီးယား စာအတူဖတ်စို့လား" အစီအစဉ်ကို မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း အမျိုးသားစာကြည့်တိုက်များ၊ ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့စာကြည့်တိုက်များ၊ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်များတွင် ဇန်နဝါရီ ၁၅ ရက်မှစ၍ ဧပြီလအထိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပမည် ဖြစ်ကြောင်းသိရသည်။

မွှေးကြူဇင်

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

အင်္ဂပူ ဇန်နဝါရီ  ၃

ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့ မြို့ရုံးဖွင့်ပွဲနှင့် မြို့အုပ်ချုပ်ရေးမှူးရုံး (စုပေါင်းရုံး) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ်က မဲဇလီကုန်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေဝင်းတို့က မြို့အဆင့်တိုးမြှင့်ခြင်း အထိမ်းအမှတ် မြို့ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့ဆိုင်းဘုတ်အားအ‌‌မွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။    

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော် ဇန်နဝါရီ ၃

၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ အခြေခံပညာကျောင်းသားအားကစားပွဲတော် ပိတ်ပွဲနှင့်ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း Gold Camp ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော် ဇန်နဝါရီ   ၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး Mr. Bhim K. Udas အား ယနေ့ ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍနှင့် သတင်းမီဒီယာကဏ္ဍဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

အင်္ဂပူ ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင်ကျင်းပပြုလုပ်သည့် ကလေးစာပေပွဲတော်၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို အခြေခံပညာ အထက်တန်းကျောင်း (ကွင်းကောက်)ရှေ့၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနား အစီအစဉ် ပထမပိုင်းကို ကျင်းပရာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များက ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ကလေးစာပေပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော် ဇန်နဝါရီ ၃

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပသည့်  မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံတမန်များကိုယ်စား သံတမန်များအဖွဲ့နာယက တီမောလက်စ်တေ သံအမတ်ကြီး မစ္စတာ ဂျူဝေါင်း ဖရေးတက်စ် ဒေ ကာမာရာ က တည်ခင်းဧည့်ခံသည့် နှစ်သစ်ကူးအခါသမယနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယကို ကြိုဆိုသည့် ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

နေပြည်တော်  ဇန်နဝါရီ ၃

သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်) အမှတ်(၆၀၄၊ ၆၀၈)၊ ကုန်သည်လမ်း၊ (၃၁-၃၂)လမ်းကြား၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဇန်နဝါရီ ၉ ရက်မှ ၁၁ ရက်အထိ ရှားပါးအထောက်အထားများပြပွဲကို နေ့စဉ် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၃ နာရီအထိ ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

လွိုင်လင် ဇန်နဝါရီ ၂

 

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေး စာချုပ်အား တောင်တန်းပြည်မပူးပေါင်းရေး စာချုပ် ဟူ၍ ပြန်လည်ထွင်းထုမည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

ညှိနှိုင်းဆွေးနွေး

ဆက်လက်ဖတ်ရှုရန်