Skip to main content

Jan 04, 2020

ဖလမ်း  ဇန်နဝါရီ  ၄

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်သည် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်းဟင်းဒါလ်၊ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ မွန်းတည့် ၁၂နာရီက ဖလမ်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော်  ဇန်နဝါရီ  ၄

 

၂၀၂၀ ပြည့်နှစ် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ နံနက် ၄ နာရီမိနစ် ၂၀ တွင် ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင် အခမ်းအနားကိုကျင်းပရာ အလံတင် တပ်စုက နိုင်ငံတော်အလံကို လွှင့်တင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၃

၂၀၂၀ ပြည့်နှစ်၊ (၇၂)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အသက်(၃၅)နှစ်အထက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်ကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ယှဉ်ပြိုင် ကစားကြသည်။


ကြည့်ရှုအားပေး

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ရန်ကုန်  ဇန်နဝါရီ   ၄

၂၀၁၉ ခုနှစ် ရုပ်ရှင်ထူးချွန်ဆုအတွက် စိစစ်ရွေးချယ်ရေးအဖွဲ့ ၂၄ ဦးမှ ရုပ်ရှင်ဇာတ်ကား ၉၇ ကားတွင် ဇာတ်ကား ၇၀ ကျော်ကို စိစစ်ရွေးချယ်ရေး ၂၄ ဦးမှ ပထမအကြိမ်အဖြစ် စိစစ်ရွေးချယ်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ဟားခါး  ဇန်နဝါရီ  ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့၌  ကျင်းပပြုလုပ်ရာ ရှေးဦးစွာ  နံနက် ၄ နာရီ ၂၀ မိနစ်အချိန်တွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးရှေ့၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား စစ်ဗျူဟာ အခြေချ (ဟားခါး) ဂုဏ်ပြုတပ်ဖွဲ့မှ တိုင်ထိပ်သို့ အစီအစဉ်အတိုင်း လွှင့်တင်ပေးခဲ့ကြပြီး နောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

မြစ်ကြီးနား ဇန်နဝါရီ ၄

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော်  ဇန်နဝါရီ  ၃


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အိန္ဒိယနိုင်ငံ Chennai မြို့ရှိ မြန်မာကောင်စစ်ဝန် Prof. Ranganathan J နှင့် အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဧည့်ခန်းမ-၂ ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ဘားအံ နိုဝင်ဘာ ၅

 

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် (၇၃) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်ပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲဖွင့်ပွဲကို ယနေ့ နံနက် (၈) နာရီအချိန်က ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2020

မော်လမြိုင်   ဇန်နဝါရီ    ၃

မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်) (၁၇) ကြိမ်မြောက် ဆရာဝန်ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေနံနက် ၇ နာရီခွဲက မော်လမြိုင်မြို့ မြို့ရှောင်လမ်းရှိ Royal Hinthar Hotel ၌ ကျင်းပရာ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း(မော်လမြိုင်)မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်