Skip to main content

Jan 04, 2020

 

နေပြည်တော် ဇန်နဝါရီ ၄

 

 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို တို့က တည်ခင်းဧည့်ခံသည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဥပစာ မြက်ခင်းပြင်၌ ကျင်းပသည်။

 

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၄

 

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တတိယနေ့ကို ယနေ့နံနက် ၇ နာရီခွဲမှစတင်၍ နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

အဆိုပါ ရောင်းချပွဲစတင်သည့် ဇန်နဝါရီ (၂) ရက်မှ ၃ ရက်အထိ ရတနာကုန်သည်များအနေဖြင့် ကျောက်မျက်အတွဲများကို  ကြည့်ရှုစစ်ဆေးခြင်းနှင့် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ရောင်းချမည့် ကျောက်မျက်အတွဲများ အတွက်ဈေးနှုန်း တင်သွင်းလွှာ များကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်း ထည့်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ရန်ကုန် ဇန်နဝါရီ ၄

 

တတိယအကြိမ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင်ပွဲတော် (မြန်မာနိုင်ငံပြပွဲ) ဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးစိုးလွင်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဝင်များ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်နှင့် အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

ရန်ကုန် ဇန်နဝါရီ ၄

 

(၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟိုဌာနချုပ်) ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား အလေးပြုပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ ဒီမိုကရေစီအရေးတော်ပုံတွင် ကျဆုံးခဲ့ကြသော ရဟန်း ရှင်လူ ကျောင်းသားပြည်သူများအား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် ရှစ်စက္ကန့် ငြိမ်သက်ခြင်းတို့ကို ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မြို့တော်ခန်းမရှေ့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော် ဇန်နဝါရီ ၄

 

၂၀၂ဝ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဝန်ကြီးဌာနများ၊ အခြေခံပညာကျောင်းများနှင့် ရပ်ကွက်များတွင် ပျော်ပွဲ၊ ရွှင်ပွဲနှင့် အားကစားပွဲများကျင်းပ၍ နိုင်ငံ့ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူလူထုများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

 

အမျိုးသားစာဆိုတော်ဆရာကြီး မင်းသုဝဏ်သည် လွတ်လပ်ရေးနှင့်ပတ်သက်၍ ကဗျာများရေးသားခဲ့လေသည်။ ထိုကဗျာများအနက် အထူးခြားဆုံးကဗျာမှာ သပြေညိုဖြစ်သည်။ ထိုကဗျာကို ဆရာကြီးသည် အင်္ဂလန်နိုင်ငံ အောက်စဖို့ဒ်တက္ကသိုလ်တွင် ပညာသင်ကြားနေစဉ်က ရေးဖွဲ့ခဲ့ခြင်းဖြစ်သည်။ ၁၉၃၇ ခုနှစ် ကျောင်းပိတ် ရက်တွင် ဝေးလ်ပြည်နယ် စိန့်ဒိုင်းနီးယဲစာကြည့်တိုက် ၌ ဆောင်းခိုရင်း စာကြည့်နေချိန်ဖြစ်သည်။ ၁၉၃၈ ခုနှစ် အောက်စဖို့ဒ်တက္ကသိုလ်သို့ မပြန်မီ တစ်ရက်အလို ဇန်နဝါရီလ ၄ ရက်နေ့တွင် သပြေညိုကဗျာကိုရေးဖွဲ့ခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော်  ဇန်နဝါရီ  ၄

မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း၏ လှူဒါန်းငွေဖြင့် ဂေဟစနစ် ဖြည့်တင်းရေးစိုက်ခင်း ဧက ၁၀၀ တည်ထောင်စိုက်ပျိုးပြီးစီးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်-ကံပြားလမ်း၊ မိုင်တိုင်အမှတ် (၁၃/၅) ငလိုက်ကြိုးဝိုင်း၊ အကွက်အမှတ် (၂၉၊ ၃၀)၊ ဥတ္တရသီရိမြို့နယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော်  ဇန်နဝါရီ  ၄

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒိ္ဓရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းနှင့် ဉာဏသိဒ္ဓိရပ်ကွက်ရှိ အမှတ် (၉) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းတို့၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 04, 2020

နေပြည်တော်  ဇန်နဝါရီ  ၄

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်