Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
သိုင်းငင်း-တီးတိန် ကားလမ်း(၇မိုင် ၆ ဖာလုံ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို မတ်လကုန်တွင် ပြီးစီးရန် လျာထား ဆောင်ရွက်
Jan 26,2021
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်းငင်း-တီးတိန် ကားလမ်း (၇မိုင် ၆ ဖာလုံ) ကွန်ကရစ်ခင်းခြင်း လုပ်ငန်း မတ်လကုန်တွင် ရာနှုန်းပြည့်ပြီးစီးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူးမှ ကန်ပက်လက်မြို့နယ် ဒေသဆိုင်ရာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
Jan 26,2021
ချင်းပြည်နယ်၊ မင်းတပ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်သည် ကန်ပက်လက်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ကန်ပက်လက် မြို့နယ်အတွင်းရှိ ဒေသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဆွမ်ပရာဘွမ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့်ဥပဒေများ၊ နည်းဥပဒေ ပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ်
Jan 26,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းကျေးရွာ၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု ဥပဒေ၊ ပြင်ဆင်သည့် ဥပဒေများ၊ နည်းဥပဒေပြင်ဆင်သည့် နည်းဥပဒေများနှင့်အညီ ကြီးကြပ်ရေး အဖွဲ့ဝင်(၅)ဦးရွေးချယ် ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်၌ ကချင်ဘုရားကျောင်းတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 26,2021
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများ အား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင်ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကိုဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၂၅ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၁) ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်း အစည်းအဝေး ကျင်းပ
Jan 26,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြု့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်
Jan 26,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၀၀)နှစ်နှင့် အသက်(၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် ပထမ(၃) လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုး၊ မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စစ်ဆေးရေးဂိတ်များအတွက် ထောက်ပံ့ငွေများ သွားရောက်ထောက်ပံ့
Jan 26,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်နိုင်ရေးအတွက် မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်းစစ်ဆေးရေးဂိတ်များ ဖွင့်လှစ်၍ ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် များ၊ ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်မေးမြန်းခြင်း၊ ကျန်းမာရေး ထောက်ခံချက်များ စိစစ်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါဂိတ် နှစ်ဂိတ်အတွက် ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူများက သွားရောက် ထောက်ပံ့ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jan 26,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ပထမ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေး အပ်ခြင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန္တာမြင့်တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
31
Page
32
Page
33
Page
34
Current page
35
Page
36
Page
37
Page
38
Page
39
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department