ဝေးလံခေါင်ဖျားဒေသသတင်းများ

Jan 22,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့၊ ဒိန်ဂါယန်ကျေးရွာအုပ်စု၊ ဒိန်ဂါယန်ကျေးရွာအတွင်းရှိ မြေသားလမ်း ပြုပြင်ဆောင်ရွက် ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဒိန်ဂါယန်ကျေးရွာ လမ်းမုခ်ဦးတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။
Jan 22,2021
တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့တွင် မြို့နေမိဘပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု မရှိစေရေး မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ယမန်နေ့တွင် တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၁)အရ ညမထွက်ရအမိန့်ကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သိရသည်။
Jan 22,2021
ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign) ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Jan 22,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းကျေးရွာ ကော်မတီများ၏ စာရင်းဇယားများ၊ Cash For Work စီမံကိန်း ကျေးရွာ ကော်မတီများ၏ စာရင်းဇယားများနှင့် ကျေးရွာလူထု၏ လုပ်ငန်းအကောင်အထည်ဖော် ပြီးစီးမှု အခြေအ နေများကို ယမန်နေ့က မြို့နယ်စာရင်းစစ်ရုံးမှ သွား‌ရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 22,2021
ချင်းပြည်နယ်၊ တီးတိန်မြို့၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးအသစ် ရွေးချယ်ရာ၌ ကြီးကြပ်ရေးအဖွဲ့၊ ဖွဲ့စည်းခြင်းဆိုင်ရာများ ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့က ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးမင်းကျော်နှင့် တာဝန်ရှိသူတို့က တီးတိန်မြို့၊လေးလုမ်းရပ်ကွက်နှင့် မြို့မရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
Jan 22,2021
ချင်းပြည်နယ်၊ မတူပီမြို့၌ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုကို နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင်ရေး ဦးစီးဌာန နယ်စပ်ဒေသ တိုင်းရင်သား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ယမန်နေ့နံနက် ၁၁ နာရီက အဆိုပါ သင်တန်းကျောင်းအတွင်း၌ ပြုလုပ်သည်။
Jan 22,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ဒေသခံပြည်သူတစ်ချို့က ရာသီပေါ်ချိန် ကောက် ညှင်း ကျည်တောက်ပြုလုပ်ရောင်းချ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
Jan 22,2021
ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ် ထပ်ဆင့်ရှင်းလင်းခြင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။