ဝေးလံခေါင်ဖျားဒေသသတင်းများ

Dec 16,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးခန်း၌ ပြုလုပ်သည်။
Dec 16,2020
ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် ဝမ်​အောင်း-​ချိကွဲ့-စောင်း​လော့ လမ်း​ပေါ်ရှိပွန်​ချောင်းတံတား(ဖား​ဆောင်း)တည်​ဆောက်​နေမှုအား ယမန်​နေ့ ည​နေ(၅)နာရီအချိန်က ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ​ဒေါ်နန်း​ထွေးသူ၊ အမျိုးသားလွှတ်​​တော်ကိုယ်စားလှယ် ဦးစိုင်းသာစိန်၊ မြို့နယ်တည်​ဆောက်​ရေးလုပ်ငန်းများ စိစစ်​ရေး​ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦး​အောင်မြတ်မိုးနှင့်​​ကော်မတီဝင်များ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။
Dec 16,2020
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ဆမီးမြို့နယ် ဆမီးမြို့၌ တိုက်ပွဲရှောင်ပြည်သူများနှင့် မြို့ခံပြည်သူများအားငွေကြေး ထောက်ပံ့ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ(၁၃)ရက်နေ့က တိုက်ပွဲရှောင်စခန်းများနှင့် အမှတ်(၂)ရပ်ကွက် နှစ်ခြင်းအသင်းတော်ဘုရားရှိခိုးကျောင်းတို့၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Dec 16,2020
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show )ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဖလမ်းခရိုင်ရုံး Community Centre ခန်းမ၌ ပြုလုပ်သည်။
Dec 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မော်ချီး​ဒေသတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ် အပြင်ထွက်ပါက နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက မော်ချီး​အောက်ရွာ၊ လိုခါးလိုကွက်သစ်(​အောင်ချမ်းသာ​စျေးတန်း)တို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 15,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ kg တန်းမှ စတုတ္ထတန်းအထိ အာဟာရမုန့်များ ဖြန့်ဝေပေးမှုကို ယနေ့နံနက် ၈ နာရီခွဲမှ ၁၀ နာရီထိ ဆွမ်ပရာဘွမ်မြို့နယ် အထကကျောင်းတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Dec 15,2020
ခိုင်ကမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲက ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Dec 15,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ မယ်စဲ့မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေ ရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး