ဝေးလံခေါင်ဖျားဒေသသတင်းများ

Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်မြို့၊ မြို့အဝင်ရှိ နမ့်တမိုင်ချောင်း လူကူးကြိုးတံတားမှာ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျချောင်းရေများ မြင့်တက်လာကာ စက်တင်ဘာ(၂၃)ရက် ညတွင် မျောပါပျက်စီးသွားခဲ့သည်။
Nov 12,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စု များအား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလအတွင်း စတုတ္ထအကြိမ် ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်း အနားကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ဘန်ရူခန်းမ၌ ကျင်းပသည်။
Nov 12,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ရေဇွာမြို့ ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင် ရွက်ခဲ့ကြသည်။
Nov 12,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားစဉ် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေးအဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရမှ စတုတ္ထ အကြိမ် မြောက်ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို မြို့ပေါ် (၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ယနေ့မှ စတင်၍ အိမ်တိုင်ရာအရောက် လိုက်လံထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။
Nov 12,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ တစ်အိမ်ထောင်စုလျှင် ငွေကျပ် (၂ဝ၀၀၀)နှုန်းဖြင့် စတုတ္ထအကြိမ် ထောက်ပံ့ပေးအပ်သည့်ငွေများကို ယမန်နေ့ မွန်းလွဲ ၃ နာရီတွင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။
Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပန်နန်းဒင်‌ဒေသတွင် စက်တင်ဘာလ ၂၃ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် တောင်ကျချောင်းများ မြင့်တက်လာကာ လမ်းများချောင်းရေတိုက်စားခြင်း၊ တောင်ပြိုကျခြင်းတို့‌ကြောင့် လမ်းများပိတ်ဆို့ကာ လမ်းပိုင်း (၂၇) နေရာခန့်ပျက်စီးသွားပြီး ထိုလမ်းပေါ်ရှိ တံတားနှစ်စင်းမှာလည်း ရေမျောပါသွားခဲ့ပါသည်။
Nov 12,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) နှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ဖြင့် မချမ်းဘော့မြို့နယ်ရှိ ကျေးရွာ (၇) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မလိခ ခန်းမဆောင်တွင် ကျင်းပသည်။