သတင်းများ

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေ ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးပြီးဖြစ်
Aug 05,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ တောင်သူများအား ၂၀၂၀ပြည့်နှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို မေလ၁၆ရက်နေ့မှ စတင်၍ လယ်တစ် ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှင့် ယာတစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထုတ်ချေးခဲ့ရာ တောင်သူ (၁၅၄၉) ဦး အတွက် ကျပ်သိန်း(၆)ထောင်ကျော် ထုတ်ချေးနိုင်ခဲ့ကြောင်းသိရသည်။
နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ သွားရောက်လည်ပတ်သူများဖြင့် ပိုမိုစည်ကားလျက်ရှိ
Aug 05,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာအနီးရှိ ရုရှားတောင်သို့ ရပ်ဝေး/ရပ်နီး လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၉၅)အုပ်စုရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင် ၂၅ ရက်နေ့မှ ဩဂုတ် ၇ ရက်နေ့အထိ ကပ်ထားကြေညာ ထားပြီးဖြစ်ရာ မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ(၄-ဂ) တို့ ဖြင့် ဆန္ဒပြုတင်ပြလာသည့်အပေါ် ဩဂုတ် ၈ ရက်နေ့ မှ ၁၄ ရက်နေ့အထိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တိုက်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်ပြဘုတ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်း သိကောင်းစရာများပြသ
Aug 05,2020
ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြေစိုက်နံရံကပ်ဘုတ်တွင် ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအကြောင်းသိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက ပြသထားကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်
Aug 05,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစားအစာဘေးကင်းလုံခြုံရေးစီမံချက် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ Aflatoxin (အဖာတောက်ဆင်)နဲ့ပတ်သက်ပြီး ငရုတ်သီးနှံကို ဆောင်ရွက်နေသည့်အပြင် ပြည်သူများစားသုံးနေသောစားသုံးဆီတွင် ပါဝင်ပတ်သက်နေသည့် မြေပဲသီးနှံအား ၂၀၁၉-၂၀၂၀ ဘတ်ဂျက်တွင် မိုးမြေပဲ စိုက်ဧက ၂၇၆၂၃ ဧကကိုလျာထားကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပုံပါကျင်မြို့တွင် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများ ဆောင်ရွက်
Aug 05,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် လုပ်ငန်းကိုဆောင်ရွက်လျက်ရှိရာ ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ဩဂုတ်လ (၃)ရက်နေ့နှင့်(၄)ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်း ဆောင်ရွက်
Aug 05,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေ လျက်ရှိကြောင်း သိရသည်။