သတင်းများ

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများသို့ တတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Aug 05,2020
ပေါက်ခေါင်းမြို့နယ် ရပ်ကွက်ကျေးရွာအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များသို့ တတိယ အကြိမ် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ပေါက်ခေါင်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် လူမှုဖူလုံရေး အာမခံထားရှိသောအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့ငွေ အကျိုး ခံစားခွင့်များပေးအပ်
Aug 05,2020
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျန်းမာရေးစစ်ဆေးမှုခံယူရန် ယာယီ ပိတ်သိမ်း ထားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး
ရိခေါ်ဒါရ်မြို့၌ (၅)နှစ်အောက်ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးပေး
Aug 05,2020
ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကျေးလက်ကျန်းမာရေးဌာနခွဲမှ ရိခေါ်ဒါရ်မြို့အတွင်းရှိ အသက် ငါးနှစ်အောက် ကလေးငယ်များအား ဗီတာမင်စီနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၈ နာရီမှစ၍ စတင်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် နေရပ်ပြန်(၁၂၅)ဦး ရောက်ရှိ ကြိုဆိုနေရာချထား
Aug 05,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ်ဆောင်နှင့် ပညာရေးကောလိပ်သို့ ယမန်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်လာသော နေရပ်ပြန်ကျား(၇၃)ဦးနှင့်မ(၅၂)ဦး စုစုပေါင်း(၁၂၅)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများကလက်ခံ၍ အဖျား တိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင် များသို့ နေရာချ ထားပေးကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေမြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်လာ၍ တာတမံ ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို တာဝန်ရှိသူများကြည့်ရှုစစ်ဆေး
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်း မိုးရာသီကာလ မြစ်ရေကြီးချိန်ရောက်တိုင်း ငဝန်မြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ်အထက်ကျော်လွန်လာ၍ တာတမံထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက် ထားရှိမှုကို တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၁ နာရီတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ် စည်ပင်သာယာ‎ရေးအဖွဲ့နှင့် Max Myanmar Company တို့မှ ကားလမ်း ရေကျော်မှု ပူးပေါင်းဆောင်ရွက်
Aug 05,2020
မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာရှိ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် နှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပေါ်လျက်ရှိရာ ရေစီးရေလာကောင်းမွန်စေရန်အတွက်
မိုးညိုတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မြေပျော့၍ သစ်ပင်လဲရာမှ ပိမိခဲ့သော နေအိမ်(၂) လုံးအား သွားရောက်ထောက်ပံ့
Aug 05,2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကြို့ပင်သာအုပ်စု၊ ဇေယျဝတီကျေးရွာတွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်အချို့ ရေနစ်မြုပ်လျက်ရှိရာ ယမန်နေ့က လူနေခြံ ဝန်းအတွင်း မြေပျော့၍ သစ်ပင်လဲခြင်းကြောင့် သစ်ပင် ပိမိခဲ့သော နေအိမ်(၂) လုံးအား ယမန်နေ့နံနက်(၉) နာရီက သွားရောက်ထောက်ပံ့ခဲ့သည်။
အမာမြို့ ဂေါ်ဒူကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်(၁၀) လုံး ပြိုကျပျက်စီး
Aug 05,2020
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင်​​ သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်မှ စတင်၍ ရုတ်တရက် လေပြင်းတိုက်ခတ်ပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ လူ​နေအိမ် (၁၀)လုံးခန့်ပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။