အမြို့မြို့အနယ်နယ်သတင်းများ

Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့တွင် ၂၀၂၀ ပြည့်နှစ် အစိုးရပါဠိပထမပြန်စာမေးပွဲတွင် စာအောင်သံဃာတော်များအား အောင်လက်မှတ် နှင့် လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကို မင်းလက်ဝဲစေတီ ရင်ပြင်တော် သာသနာ့ဗိမာန်ဓမ္မာရုံကြီး၌ ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲ အချိန် ကျင်းပပြုလုပ်ခဲ့သည်။
Jun 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ယဉ်ကျေးမှုအားကစားရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က၂၀၂၁ခုနှစ်နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည်။
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့သာသနာ့ဗိမ္မာန်​တော်ကြီး​ပေါ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။
Jun 07,2021
ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း‌ဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်း၊ ပြည်ခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်‌ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးနှင့်အဖွဲ့သည် ယမန်နေ့က တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထား ကုမ္ပဏီမှ ဆောင်ရွက်သည့် တလိုင်းခုံကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အင်တိုင်းအင်ကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Jun 07,2021
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ မြို့လယ်ဓမ္မာရုံ စာစစ်ဌာန၌ ကျင်းပလျက်ရှိကြောင်း သိရသည်။
Jun 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁:၀၀)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jun 07,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးရာသီတွင် တောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်စေရန်နှင့် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်း နိုင်စေရန် ရည်ရွယ်၍ မျိုးစေ့၊ မြေဩဇာနှင့် ပိုးသတ်ဆေးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။