Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မိတ္ထီလာမြို့ စက်မှုံဇုံ(အလက)စာသင်ကျောင်းတွင်မီးလောင်မှုဖြစ်ပွားပြီး စာသင်ဆောင် တစ်ဆောင်ပျက်စီးဆုံးရှုံး
Jun 02,2021
မိတ္ထီလာမြို့ ကန်သာကျေးရွာအုပ်စု စက်မှုဇုံ(အလက)စာသင်ကျောင်းတွင် ယနေ့နံနက် ၂ နာရီ ၅ဝမိနစ်ခန့်အချိန်က မီးလောင်မှုဖြစ်ပွားပြီး စာသင်ဆောင်တစ်ဆောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် သက်ကြီးဘိုးဘွားများအားလူမှုရေးပင်စင်များထောက်ပံ့ပေးအပ်
Jun 02,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယသုံးလပတ်လူမှုရေးပင်စင်ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက် ၁၁ နာရီခွဲက တာဝန်ရှိသူများမှ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် အောက်စျေးတန်းရပ်ကွက် ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 02,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့ နေလယ်(၁) နာရီက လှိုင်မြို့နယ် စာကြည့်တိုက် များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ်တွင် အသက်တစ်နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 02,2021
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၌ အသက်တစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်တွင် ရေရရှိရေးလုပ်ငန်းနှင့် (VDP) စီမံကိန်းလုပ်ငန်းများ ကွင်းဆင်း စစ်ဆေး
Jun 02,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေရရှိရေးလုပ်ငန်းဆောင် ရွက်နေသည့် ကျူတော ကျေးရွာ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် (VDP)ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ငွေဖြင့် မှန်လွှဲကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ပုတိမ်ကုန်းကျေးရွာတွင် ရွာတွင်းလမ်းများ ကျောက်ရောမြေနှင့် ဂျင်းမြေခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်၌ ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 02,2021
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ်အခြေခံ ပညာ ကျောင်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဇွန်လ ၁ ရက်နေ့နံနက်ပိုင်းကစတင်၍ ဖွင့်လှစ် သင်ကြားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးအောင်သိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး စိန်သောင်း နှင့်တာဝန်ရှိသူများက လိုက်လံ ကြည့်ရှု အားပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲတွင် ရဟန်း၊ သံဃာ၊ သီလရှင်ပေါင်း(၆၀)ပါးဝင်ရောက်ဖြေဆို
Jun 02,2021
ပခုက္ကူမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲအတွက် အမှတ်၃ရပ်ကွက်၊ ထင်းတန်းလမ်းရှိ ပရိယတ္တိစာဖြေဆောင်တွင် စာဖြေဌာနဖွင့်လှစ်ကာ ဇွန်၁ ရက်နေ့လယ် ၁၂ နာရီက ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ရဟန်း ၊ သံဃာ၊ သီလရှင်တို့စတင်ဖြေဆိုသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့တွင် မိုးစတင်ရွာသွန်း မြေပဲများစတင်စိုက်ပျိုး
Jun 02,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးစတင်ရွသွန်ခြင်းနှင့်အတူ မြေပဲများစတင် စိုက်ပျိုးနေကြပြီ ဖြစ်ကြောင်း အရှေ့ပုလင်းကျေးရွာ မြေပဲစိုက်တောင်သူ ဒေါ်အောင်မြို့ထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25073
Page
25074
Page
25075
Page
25076
Current page
25077
Page
25078
Page
25079
Page
25080
Page
25081
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department