အမြို့မြို့အနယ်နယ်သတင်းများ

Jun 02,2021

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာကျောင်းများကို ယမန်နေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူ များ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက်ရှိကြောင်း သိရသည်။

Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် ဦးဆောင်သော အဖွဲ့သည် ယနေ့ နံနက် (၈) နာရီက ကလိန်အောင်မြို့ လူစည်ကားရာ လမ်းဆုံလမ်းခွများနှင့် ရေး-ထားဝယ် ကားလမ်းမပေါ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask) များအခမဲ့ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယ အသုတ်ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီမှညနေ ( ၄ ) နာရီအထိ ပလောက်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ရွှေသီလာရတနာခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်သာသနာရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယ စာမေးပွဲဖြေဆိုခြင်းကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စကြာသီဟ၊ စကြာနန္ဒဘုရားဝန်းအတွင်းရှိ ထွန်းညွန့်ရတနာစံ ကျောင်းဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ ဒုတိယအကြိမ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများကို ယမန်နေ့ နေ့လည် ၂ နာရီက ပုလောမြို့ ပြည်သူ့ဆေးရုံ၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
Jun 02,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်တွင် မြို့နေပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယနေ့ နံနက်(၉)နာရီ က ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ စတင်ထိုးနှံပေးလျှက်ရှိကြောင်းသိရသည်။
Jun 02,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးစိုက်ပျိုးသူ တောင်သူ လယ်သမားများအတွက် ၂၀၂၁ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jun 02,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ယနေ့ နံနက် ၉ နာရီတွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ရာ ကျောင်းများတွင် ပညာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် လာရောက်ကျောင်းတက်လျက် ရှိကြောင်း သိရသည်။