Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်တွင် အပန်းဖြေလည်ပတ်သူများစည်ကား
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာအနီးရှိ မော့စလင်းရေတံခွန်တွင် အပန်းဖြေ လည်ပတ်သူများနှင့်စည်ကားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်ပြိုလဲကာ စာသင်ကျောင်းနှင့် နေအိမ်တစ်ချို့ပျက်စီး
Aug 05,2020
ကော့သောင်းမြို့တွင် သြဂုတ်လ ၄ ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ မြို့ပေါ် ရပ်ကွက်ရှိ စာသင်ကျောင်း၊ တရားစခန်းရိပ်သာနှင့် လူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့တွင် ငါးဖမ်း/ငါးသယ် ရေယာဉ် ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်း တတိယအကြိမ်ဖွင့်လှစ်
Aug 05,2020
မြန်မာ့ငါးလုပ်ငန်းရေပြင် ပင်လယ်ပြင်လုပ်ငန်းခွင်၌ ငါးဖမ်း/ငါးသယ်ရေယာဉ်များဖြင့် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေကြသည့် ရေလုပ်သားများအတွက် လုပ်ငန်းခွင် ကျန်းမာရေးနှင့် အသက်အန္တရာယ်ကင်းရှင်းရေးသင်တန်းကို ငါးလုပ်ငန်းဦးစီးဌာနမှ ဩဂုတ်လ (၅) ရက် နံနက် (၉) နာရီက မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် တတိယအကြိမ် ဖွင့်လှစ်ပို့ချခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကလေးမြို့နယ် ချင်းဆိုင်ကျေးရွာတွင် SRI စိုက်နည်းစနစ်ဖြင့် ဧရာမင်းစပါး (FS -RS) မျိုးအဆင့် စိုက်ပျိုး
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာစည်ကျေးရွာအုပ်စု ချင်းဆိုင်ကျေးရွာတွင် SRI စိုက်ပျိုးနည်းစနစ်ဖြင့် ဧရာမင်းစပါး (FS-Rs) မျိုးအဆင့် စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက တောင်သူ ဒေါ်ခင်သိန်းမြင့် (ခေါ်) ဒေါ် အဲလေး၏ လယ်မြေအတွင်းတွင်စိုက်ပျိုးကြသည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ စက်တပ်သမ္ဗန်စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းရေး ကူညီစောင့် ရှောက်မှု ဆောင်ရွက်ပေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မိုးရာသီကာလ မြစ်ချောင်းများ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ်(သမ္ဗန်)စီး ခရီးသည်များ အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ကူညီစောင့်ရှောက်မှု ဆောင်ရွက်ပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီမှစ၍ ဆိပ်ကြီးအရှေ့ ရပ်ကွက်ရှိ “ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းခြံကုန်းမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း ကြေညာထားသော ရပ်ကွက်ကျေးရွာအုပ်စုများသို့ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များ သွားရောက်ကြည့်ရှုစစ်ဆေး
Aug 05,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် (၂၀၂၀)ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာမှုကို ယမန်နေ့မနက်ပိုင်းမှစ၍ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝင်များက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝန်းသိုမြို့နယ်ရှိ ကျောက်မောင်းတောင်စေတီတော်မြတ်သို့ ကိုဗစ်-၁၉ ကြောင့် ဘုရားဖူးပြည်သူ နေ့စဉ်ဆယ်ဂဏန်းခန့်သာ လာရောက်ဖူးမြော်
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ သဲချောင်းကျေးရွာအနီးတောင်ပေါ်ရှိ မြင့်မားသော ကျောက် တောင်ကြီးပေါ်တွင် အံ့ဖွယ်ထူးမြတ်သပ္ပာယ်လှသည့် ကျောက်မောင်းတောင်စေတီတော်ကြီးတည်ရှိပြီး အဆိုပါ စေတီတော်၏ထူးခြားချက်မှာ ကျောက်မောင်းတောင်သည် တစ်ဖက်မြေသားဖြစ်၍ အခြား တစ်ဖက်တွင် အလွန်မြင့်မားသည့် ကျောက်သားစစ်စစ်ကျောက်တောင်ကြီးဖြစ်နေခြင်း၊ ကျောက်ငုတ်တို တစ်ခုအတွင်းမှ ထွက်ပေါ်လာသော မောင်းသံ၊ ဗြောသံ၊ စည်သံများထူးခြားစွာကြားရခြင်းတို့ကြောင့် ကျောက်မောင်းတောင် စေတီတော်ဟု ခေါ်ဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ခင်ဦးမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအချက်အလက်များ မှန်ကန်စေရေးပြင်ဆင်လျှောက်ထား
Aug 05,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် မဲဆန္ဒ ရှင်စာရင်း များကို ဇူလိုင်လ ၂၅ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့ထိ ကပ်ထားကြေညာလျက်ရှိရာ အဆိုပါမဲစာရင်းများ၌ အချက်အလက် များ မှန်ကန်ပြည့်စုံမှုရှိစေရေးအတွက် ပြည်သူများက လာရောက် ကြည့်ရှု၍ ပြင်ဆင်ရန်ရှိသည့် အချက်အလက်များကို ပြင်ဆင်လျှောက်ထားလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30216
Page
30217
Page
30218
Page
30219
Current page
30220
Page
30221
Page
30222
Page
30223
Page
30224
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department