Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက်ထုတ်ယူသူများအား လက်ဆေးခြင်းနှင့် ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ
Mar 23,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လာရောက် ထုတ်ယူသူများအား လက်ဆေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စောင့်ကြည့်စစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းကို ယနေ့ နံနက် (၉)နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့တွင် ကိုရိုနာဗိုင်းရပ် (စ်) ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 23,2020
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ် မြို့မ(၄)ရပ်ကွက်ရှိ ရွှေဟင်္သာဈေးအရှေ့၊ ဈေးအတွင်းရှိ ဈေးတန်းတို့တွင် ယမန်နေ့မွန်းလွဲ ၂နာရီ က လက်ဆေးရေစင်များ ပြုလုပ်ကာ ဈေးသူဈေးသားများ၊ ရပ်ကွက်နေပြည်သူများ၊ ခရီးသွားဧည့်သည်များအား ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကြိုတင် ကာကွယ် နိုင်ရန်အတွက် အရပ်ဘက်အသင်းအဖွဲ့များ၊ ပြည်သူများ၊ ပရဟိတ အသင်းအဖွဲ့များ၊ လူနာတင်ယာဉ် အသင်းအဖွဲ့များ စုပေါင်း၍ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုးမောက်မြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 23,2020
ကချင်ပြည်နယ်၊ မိုးမောက်မြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် မြို့မိ/မြို့ဖများ၊ စည်ပင်ကော်မတီ၊ လူမှုရေးအသင်းအဖွဲ့၊ ကျန်းမာရေးဌာနနှင့် လိုအပ်သော ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ
အပြည့်အစုံ ဖတ်ရန်
ဟိုပင်၌ ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်ရေး ဆိုင်ရာ PPE ဝတ်စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာ ရည်များ လှူဒါန်း
Mar 23,2020
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် မေတ္တာရိပ်အသင်းက လှူဒါန်း သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါ ကာကွယ်နိုင်ရန် အတွက် ကာကွယ်ရေးဆိုင်ရာ ခွဲစိတ်ခန်းသုံးဝတ်စုံ (PPE) ၄ စုံ၊ Hand Gel နှင့် လက်ဆေး ဆပ်ပြာရည်များကို စိုက်ပျိုး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ၀န်ကြီး ဦးကျော်ကျော်ဝင်းက ပေးအပ်လှူဒါန်းရာ ဟိုပင်မြို့ပြည်သူဆေးရုံ တာဝန်ခံဆရာဝန် ဒေါက်တာမျိုးဝေက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခိုလမ်မြို့မဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Mar 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ မြို့မဈေး၌ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ရပ်စောက်မြို့ ၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး ကွင်းဆင်း ဆောင်ရွက်
Mar 23,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင် ဒေါက်တာ ပိုင်စိုးမိုးနှင့် ကျန်းမာရေး ဝန်ထမ်းများသည် ယနေ့ နံနက် ၉နာရီ က မြန်မာ့စီးပွားရေးဘဏ်သို့ သွားရောက်ပြီး လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွာသစ်မြို့၌ နွေရာသီကာလ မီးဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မီးတားလမ်းများ စုပေါင်းဆောင်ရွက်
Mar 23,2020
ကယားပြည်နယ်၊ ရွာသစ်မြို့အတွင်းရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို တောမီးမှ တစ်ဆင့် မီးလောင်ကျွမ်းမှု မရှိစေရန် ရည်ရွယ်၍ မီးတားလမ်း ဆောင်ရွက်ခြင်း၊ မီးဘေး ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက မြို့အဝင်ဆိုင်းဘုတ်မှ မြို့အပြင် လမ်းတစ်လျှောက်ရှိ လမ်းများအား မီးတားလမ်း စုပေါင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Mar 23,2020
ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့ရှိ ဟိုတယ် ၊ တည်းခိုခန်းများတွင် နိုင်ငံခြားသားများ တည်းခိုနေထိုင်ခြင်း ရှိ/မရှိကို ယနေ့ နံနက်ပိုင်း အချိန်က သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
30251
Page
30252
Page
30253
Page
30254
Current page
30255
Page
30256
Page
30257
Page
30258
Page
30259
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department