တောင်ကြီးတန်ဆောင်တိုင်ပွဲ တော်မြို့လုံးကျွတ်ရိုးရာမီးပဒေသာလှည့်လည်ပူဇော်ပွဲ ကျင်းပ
ရှမ်းပြည်နယ်၏ အထင်ကရပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်အား အောက်တိုဘာလ ၂၉ ရက်နေ့မှ စတင်ကျင်းပလာခဲ့ရာ ယနေ့နိုဝင်ဘာ ၄ ရက် တန်ဆောင်မုန်းလပြည့်နေ့(ည)၌ မြို့လုံးကျွတ်ရိုးရာမီးပဒေသာအလှ လှည့်လည်ပူဇော်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။