ရန်ကုန်တိုင်းဒေသကြီး

ကြည့်မြင်တိုင်မြို့နယ်၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက UTS ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့နံနက် ၁၀နာရီအချိန်က အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မရမ်းကုန်းမြို့နယ်တွင် သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၌ သန့်ရှင်းသာယာသပ်ရပ်စေရေး အတွက် ယနေ့နံနက် ၆ နာရီတွင် မရမ်းကုန်းမြို့နယ် အမှတ်(၄) ရပ်ကွက်ရှိ ကျိုက်ဝိုင်းဘုရားလမ်း (အောင်သပြေ ရဲရိပ်သာဝန်း) ရေမြောင်းရှင်းလင်းခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လသာမြို့နယ်တွင် လူထုကျန်းမာရေးလုပ်သား သင်တန်းဆင်းလက်မှတ်ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် လူထုကျန်းမာရေး လုပ်သားသင်တန်းသား (၆) ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လသာမြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးမှုများဆောင်ရွက်

ကျောက်တံတားခရိုင်၊ လသာမြို့နယ်၊ အမှတ် (၉) ရပ်ကွက်အတွင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆေးဘက်ဆိုင်ရာအရာရှိ (TMO) ဒေါက်တာသုဝေ ဦးစီးသည့်အဖွဲ့၊ မြို့နယ်စည်ပင်သာယာကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းလွင်နှင့် ရပ်ကွက်စာရေးတို့ပါဝင်သောအဖွဲ့က ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြု အားကစားသမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမတွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမားများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ‌ ယုဇနပလာဇာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရန် ပြည်သူများ မီးသတိမူနိုင်ရေးအတွက် စျေးကြီးများ မီးဘေးကြိုတင်ကာကွယ်ရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးမင်းစမ်းအေးဦးဆောင်၍ ယမန်နေ့ (၁၂)နာရီအချိန်က မင်္ဂလာ‌တောင်ညွန့်မြို့နယ်အတွင်းရှိ ယုဇနပလာဇာဈေးတွင် အသိပညာပေးဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ ကျောင်းသား လူငယ်/လူရွယ်များ နွေရာသီတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရေး မျိုးဆက်သစ်အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များဖြင့် အားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းကို ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သက်ဆိုင်ရာနေရာ အသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြသည့် YBS ခရီးသည်တင်ယာဉ်မောင်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများကို အကောင်းဆုံးဝန်ဆောင်မှုပေးခဲ့ကြသည့် ‌YBS ခရီးသည်တင်ယာဉ်မောင်းများအား YBS စံပြယာဉ်မောင်းဆု၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး စွမ်းဆောင်ဆုရ YBS ယာဉ်လိုင်းကုမ္ပဏီအား ဂုဏ်ပြုဆုနှင့် တာဝန်ကျေပွန်ဆု ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ မာန်အောင်ရပ်ကွက် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)ရုံးအောက်ထပ် အစည်းအဝေးခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌  မီးဘေးအန္တရာယ်ကာကွယ်ရေး သရုပ်ပြဟောပြောခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ် ကာကွယ်ရေးသရုပ်ပြဟောပြောခြင်းနှင့် တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင် ဦးစီးသောအဖွဲ့က ယမန်နေ့နံနက် ၉ နာရီအချိန်မှစ၍ ဆောင်ရွက်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း အသိပညာပေးမှုများဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း အသိပညာပေးခြင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းက အမှတ်(၈၀)ရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး