ရန်ကုန်တိုင်းဒေသကြီး

ကွမ်းခြံကုန်းမြို့နယ်၌ နွေရာသီအ‌ခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ Women Club စကားဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ (၁)နာရီတွင် Women Club စကားဝိုင်း ကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်း သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို မတ် ၂၀ရက်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ကျင်းပသည်။

တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေနံနက် ၉ နာရီ ၃၀ မိနစ်က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။

အလုံမြို့နယ်၌ “(၄၀ )ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ ကွင်းကျောင်း ပရိယတ္တိစာသင်တိုက်၊ ပညာသီရိဓမ္မဗိမာန်တော်၌ မတ် ၂၀ ရက်နေ့ မွန်းလွဲပိုင်းက “(၄၀) ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား” ကျင်းပပြုလုပ်ခဲ့သည်။

ဒလမြို့နယ် လူထုအ‌ခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ လူငယ်စာဖတ်ဝိုင်း ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌‌ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သီရိရတနာလက်လီ လက်ကားဈေး နှင့် ဃ ဈေးတို့တွင် အသိပညာပေးစစ်‌ဆေးခြင်းကာ မီးငြိမ်းသတ်ရေး လေ့ကျင့်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် သီရိရတနာလက်လီ လက်ကားဈေးနှင့် ဃ ဈေးတို့တွင် အသိပညာပေးစစ်‌ဆေးခြင်းကာ မီးငြိမ်းသတ်ရေး လေ့ကျင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အဆိုပါ ဈေးများတွင် အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကော့မှူးမြို့နယ်ကျိုက်ထော်‌ (မြောက်)ကျေးရွာ၌ မီးလောင်မီးလန့်မှုများနှင့် Fire Hostpot မဖြစ်ပေါ်စေ ရေးအသိပညာပေး ဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ကျိုက်‌ထော်‌ (မြောက်)ကျေးရွာ၌ကျေးရွာ နေပြည်သူများနှင့် တွေ့ဆုံ၍မီး‌လောင်မီးလန့်မှုများနှင့်Fire Hostpot များမဖြစ်ပွားစေရေးအသိပညာပေး‌ ဆွေးနွေးခြင်းကိုယနေ့နံနက်ကအဆိုပါကျေးရွာ၌ကျင်းပခဲ့ကြောင်းသိရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာအခြေခံ သင်တန်းဆင်း

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကို အကျိုးရှိစွာအသုံးပြုနိုင်စေရန် ဖွင့်လှစ်သည့် အခြေခံ ယဉ်ကျေးလိမ္မာ အခမဲ့သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် မတ် ၂- ရက် နံနက်ပိုင်းက ကျင်းပရသည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး