(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးကျန်းမာမှုပြိုင်ပွဲ ဆုပေးပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှကြီးမှူး၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးကျန်းမာမှု ပြိုင်ပွဲဆုပေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပခဲ့သည်။