တနင်္သာရီတိုင်းဒေသကြီး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ကော့သောင်းမြို့၌ ခရိုင်/မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအားတွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်း (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ)၊ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့်အတူ တာဝန်ရှိသူများက ယမန်နေ့မွန်းလွဲပိုင်းတွင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကော့သောင်းခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် တာဝန်ရှိသူများအား   ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆွေးနွေးကြသည်။

ကျွန်းစုမြို့၌ ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဒီဇင်ဘာလူထု အားကစားလ စုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

တနင်္သာရီမြို့တွင် ဒီဇင်ဘာလူထုအားကစားလ ဒုတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားစွာကျင်းပ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစားအဆင့်အတန်းတိုးတက်မြှင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ဒီဇင်ဘာလူထုအားကစားလ ဒုတိယအပတ် စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီအချိန်က စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို  ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ(ဒုတိယပတ်)သို့ ပါဝင်ဆင်နွှဲ

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုလျက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တိုင်းဒေသကြီး ဒီဇင်ဘာအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ( ဒုတိယပတ် )ကို ယနေ့နံနက် ၅ နာရီခွဲက ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ကော်မရှင်ဝန်ထမ်းများပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။

ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် "ဒို့အတူတူမဲ‌ပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီးတွင် ဆောင်ရွက်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သရက်ချောင်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သရက်ချောင်းဒေသအတွင်း ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တွေ့ဆုံသည်။

 တနင်္သာရီမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က ချောင်းငယ်ရပ်ကွက်ရှိ သုခချမ်းသာဓမ္မာရုံတွင် ကျင်းပသည်။

တနင်္သာရီမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယမန်နေ့နံနက် (၈)နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။

တနင်္သာရီမြို့နယ်တွင် “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေးလှုံ့ဆော်မှု လက်ကမ်းစာစောင်များအား ယနေ့ နံနက် (၈)နာရီအချိန်က လူစည်ကားရာနေရာများတွင် ဖြန့်ဝေပေးခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး