သတင်းများ

နတ်မောက်မြို့နယ် ဥသျှစ်မျှောင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း(၁၀)ကြိမ်မြောက် စက်ဝန်း ထုတ်ချေးပေး
Jun 29,2026
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဥသျှစ်မျှောင်ကျေးရွာမှ အသင်းဝင်တောင်သူများထံ မြစိမ်းရောင်ကျေးရွာစီမံကိန်း( ၁၀)ကြိမ်မြောက် စက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြစိမ်းရောင်ကော်မတီအတွင်းရေးမှူးနေအိမ်တွင် ပြုလုပ်ခဲ့သည်။
ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ အခမ်းအနားမှူးသင်တန်း(၂/၂၀၂၆)ဖွင့်လှစ်
Jun 29,2026
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးဆောင်၍ အခမ်းအနားမှူးသင်တန်း (၂/၂၀၂၆)ကိုယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
မိုင်းရှူးမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 29,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လွိုင်လင်ခရိုင်သစ်တောဦးစီးဌာနမှ သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့်မျက်စိပသာဒရှိစေရေး၊ သစ်တောသစ်ပင်တန်ဖိုးများကို အများပြည်သူအလေးထားသိရှိနိုင်ရန်ရည်ရွယ်၍ ၂၀၂၆ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၈)နာရီက ဖာယကျေးရွာအုပ်စု၊ ဖာယကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
ရပ်စောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၆) သင်တန်းဖွင့်ပွဲပြုလုပ်
Jun 29,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရေးပြကွင်း၌ ယနေ့နံနက်၈နာရီက ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၆)ဖွင့်ပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မင်းသီဟနှင့်တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းကျောင်းအုပ်ကြီးက ပြည်သူ့စစ်မှုထမ်းသင်တန်းသား(၈၁)ဦးအား သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။
ပန်းဘဲတန်းမြို့နယ်တွင် ဆရာနန္ဒာသိန်းဇံ ရေးသားသော ခရောင်လမ်းကို ဖြတ်ကျော်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Jun 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ၊ ဆရာမများ (Book Club) အသင်း ၊ စာပေဝါသနာပါသူများနှင့် စာရေးဆရာ နန္ဒာသိန်းဇံ၏ ခရောင်းလမ်းကို ဖြတ်ကျော်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၂ နာရီ၌ ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည်တိုက်တွင် ကျင်းပပြုလုပ်သည်။
ကျိုင်းတုံမြို့၌ အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Jun 29,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဇွန် ၂၉ ရက်က ကျင်းပသည်။
ဝမ်းတွင်းမြို့နယ် သဲတော အ.ထ.ကကျောင်း၌ လူငယ်စကားဝိုင်းအခမ်းအနားကျင်းပ
Jun 29,2026
မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာ‌ရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သဲတော အ.ထ.က ကျောင်းအောင်သိပ္ပခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ (၁၀၆)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေ လောင်းလှူ
Jun 29,2026
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လစဉ်လပြည့်နေ့တိုင်း လှူဒါန်းလျက်ရှိသည့် (၁၀၆)ကြိမ်မြောက် သာသနာ့အနွယ်ဝင် သီလရှင်(၆၀)ပါးအား ဆွမ်းဆန်တော်နှင့် အလှူငွေလောင်းလှူပွဲကို ယမန်နေ့ နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။