သတင်းများ

လားရှိုးမြို့တွင် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်နေ့၌ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ် ပူဇော်ခြင်းနှင့် ဘုရားအနေကဇာ တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ
Jun 29,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည်နေ့၌ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ဘုရားအနေကဇာတင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲက အဆိုပါ ဘုရားကြီး ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်
Jun 29,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူလေးများအား ယနေ့နံနက် ၁၀ နာရီခွဲက မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ခဲ့သည်။
လားရှိုးမြို့တွင် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ
Jun 29,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် အ‌ခြေခံပညာဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ ပြေး၊ ခုန်၊ ပစ် ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကို ယမန်နေ့က ပြည်ထောင်စုအားကစားကွင်း၌ ကျင်းပသည်။
လားရှိုးမြို့ မန်ဆူဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်
Jun 29,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မီးဘေးအန္တရာယ်မှကင်းဝေးစေရေးအတွက် မန်ဆူဈေး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က အမှတ် (၈)ရပ်ကွက်ရှိ မန်ဆူဈေး၌ ဆောင်ရွက်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းသို့ မိုဘိုင်းရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး
Jun 29,2026
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်း‌ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် ၁၁ နာရီက မိုဘိုင်းရွေ့လျား စာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား  အခမဲ့ငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
သဲကုန်းမြို့နယ်တွင် ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ
Jun 29,2026
ကျောင်းသား/ ကျောင်းသူလူငယ်များ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှိန်မြင့်မားစေရန်နှင့် လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတက်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် (၉) နာရီအချိန်က အ.ထ.က (ခွဲ) ရွာလှ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းယောင်းမြို့၌ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
Jun 29,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ခေတ်မီစံပြကျေးရွာ၌ ကျေးရွာမြေငှားဂရန်ပေးအပ်နိုင်ရေး တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်တွင် ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေး လိုက်လံစစ်ဆေး
Jun 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့ည ၈ နာရီက မြို့မ‌ဈေးကြီး၌ ဈေးပိတ်ချိန်အတွင်း မီးကြွင်းမီးကျန်များ ကျန်ရှိမှုမရှိစေရေးအတွက် လိုက်လံစစ်ဆေးဆောင်ရွက်နေကြကြောင်း သိရသည်။