သတင်းများ

ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေး ခေါင်းစဉ်ဖြင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်
Dec 13,2025
မြန်မာ့သမဝါယမ စတင်ခြင်း (၁၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်သမဝါယမဦးစီးဌာနရုံး၌ သမဝါယမအသင်းများ ရေရှည်ရပ်တည်ဖွံ့ဖြိုးတိုးတက်စေနိုင်ရေးခေါင်းစဉ်ဖြင့် အရာထမ်း/အမှုထမ်းများအတွက် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ဦးစီးဌာနရုံး ဆွတ်ဂျာအိန်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ကလေးမြို့၌ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 13,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် “ဒို့အတူတူမဲပေးကြမယ်”  အသိပညာပေး လက်ကမ်းစာစောင်များကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ယနေ့နံနက် (၉)နာရီက ဗိုလ်ချုပ်လမ်းရှိ အ.ထ.က(၃) ကျောင်းရှေ့နှင့် မြို့မဈေး၊ လေဆိပ်ရှေ့နှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်၌ မဲရုံများသို့ ဖြန့်ခွဲမည့် မဲပေးစက်များကို Installation တပ်ဆင်ဆောင်ရွက်
Dec 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် မဲရုံများသို့ဖြန့်ခွဲမည့် မဲပေးစက်များ Installation တပ်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အိုးတန်းရပ်ကွက်ရှိ ရွှေဂျိုးဖြူခန်းမ၌ ဆောင်ရွက်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ်ကုသပေးနေမှုများကို ကြည့်ရှ
Dec 13,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူ များနှင့်အတူ ဗောဓိရိပ်ငြိမ်တောရကျောင်း၏ ဦးစီးပဓာန နာယက ဆရာတော်ကြီး၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ ပြည်သူများအား စက္ခုပါလ၊ စက္ခုဒါန၊ မျက်စိအလင်း(အခမဲ့)ခွဲစိပ် ကုသပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 13,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မစျေးနှင့် မြို့နယ်အတွင်း လူစည်ကားရာနေရာများတွင် အသိပညာပေးဖြန့်ဝေခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၏၂၀၂၅ခုနှစ် ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Dec 13,2025
ရန်ကုန်တိုင်းဒေသကြီး၏ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပါတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူပေါင်း၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
အလုံခရိုင်၊ အလုံမြို့နယ်၌ ဟားခါးပညာရေးဒီဂရီကောလိပ်၌ နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့‌ငွေများ‌ ပေးအပ်သည့်အခမ်းအနား ကျင်းပ
Dec 13,2025
အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ မင်းရဲကျော်စွာလမ်း၊ ဟားခါးပညာရေးဒီဂရီကောလိပ်ရှိ သီရိရတနာခန်းမ၌ ယနေ့နံနက်ပိုင်းက နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့‌ငွေများ ပေးအပ်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ
Dec 13,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သော နေ့စဉ်လူမှုဘဝ များကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (ဒုတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လွိုင်ကော်)မှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြသည်။