သောက်သုံးရေ အဆင်ပြေစေရန်တွက် ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်
Dec 25,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် သမိုကျေးရွာအုပ်စု ဝေါကျယ်ကျေးရွာတွင် စိမ့်စမ်းရေသွယ်တန်းခြင်း (၅၂၈၀ ပေ)နှင့် ရေလှောင်ကန်(အလျား ၁၂ပေ x အနံ ၁၀ပေ x အမြင့် ၅ပေ) လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်းထောက်ပံ့ငွေ ၁၂,၀၀၀,၀၀ဝိ/- ကျပ်ဖြင့် စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်ကြောင်း သိရသည်။