သတင်းများ

လွိုင်ကော်မြို့နယ်အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ဂေဟာကျောင်းများ၌ ပြည်နယ်ခေတ္တဝန်ကြီးချုပ်မှ ခရစ္စမတ်လက်ဆောင်များ သွားရောက်ပေးအပ်
Dec 24,2020
ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုနှင့် တာဝန်ရှိသူတို့သည် ယနေ့မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ် အတွင်းရှိ သီလရှင်ကျောင်းများနှင့် မိဘမဲ့ ဂေဟာကျောင်းများ၌ ခရစ္စမတ် လက်ဆောင်များ သွားရောက် ပေးအပ်ခဲ့သည် ။
တနင်္သာရီမြို့နယ်မှ မြိတ်အကျဉ်းထောင်သို့ အပြစ်ကျတရားခံတစ်ဦး ပို့ဆောင်စဉ် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့မရဲစခန်းမှ ဒီဇင်ဘာလ၂၃ ရက် နံနက်ပိုင်းက ဒုရဲအုပ်သော်တာမျိုးနှင့် ရဲတပ်သား (၂)ဦးတို့သည် ဒုရဲအုပ်သော်တာမျိုး မောင်းနှင်သော မော်တော် ယာဉ်ဖြင့်ထောင်ကျတရားခံ(၂)ဦးအား မြိတ်မြို့အကျဉ်းထောင်သို့ လွှဲပြောင်းပို့ဆောင်ပေးရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT Test Kit ဖြင့်စစ်ဆေးစဉ် အသက်(၂၅)နှစ်အရွယ်၊ အမျိုးသားတစ်ဦး၊ ဗိုလ်တဲလမ်း ချောင်းကြီးရပ်ကွက် ၊တနင်္သာရီမြို့နေသူထံမှ ရောဂါပိုးအတည်ပြုတွေ့ရှိကြောင်း အဖြေကို ယင်းနေ့ ညနေပိုင်းတွင် အကြောင်းကြားသိရှိရကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ ရပ်ကွက်စာကြည့်တိုက်များရှိ ကော်မတီဝင်များအား စာကြည့်တိုက်မှတ်ပုံတင် နိုင်ရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်ရေး ကော်မတီမှ ရပ်ကွက်စာကြည့်တိုက် များရှိ ကော်မတီဝင်များအား စာကြည့်တိုက် မှတ်ပုံတင်နိုင်ရေးအတွက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတွင် ပြုလုပ်ကြောင်း သိရသည်။
ဒိုက်​ဦးမြိုနယ်​တွင်​ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်​ကော်​မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ
Dec 24,2020
ပဲခူးတိုင်း၊ ဒိုက်​ဦးမြို့နယ်​၊ အိမ်ခြေလေးဆယ်ကျေးရွာအုပ်စု၊ ရွာဝိုင်းကြီးကျေးရွာနှင့် ရွှေအင်ဒုံ ကျေးရွာအုပ်စု၊ ချင်းစုကျေးရွာတို့တွင် ဒီဇင်ဘာလ ၂၃ရက်နေ့က ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက် ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။
မိုးခုတ်မြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Dec 24,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ဝမ်ကတ်-ဝမ်လောက် ကျောက်လမ်းခင်း ခြင်းလုပ်ငန်းအား ယနေ့ နံနက် ၁၀ နာရီခွဲက ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှတာဝန်ရှိသူတို့ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်း သိရသည်။
သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့်လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကျင်းပ
Dec 24,2020
မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြို့နယ် ဖွံ့ဖြိုးမှု အထောက်အပံ့ ရန်ပုံငွေ UNDP ဖြင့် ဆောင်ရွက်သည့် သံဖြူဇရပ်မြို့နယ် အတွင်း ဝဲဝင်ကရာ ဝါးဘိုးတောင်၊ ဖဲပဒေါ ၊ ဝဲဟတာ ကျေးရွာချင်းဆက်လမ်း လုပ်ငန်း လွှဲပြောင်းအပ်နှံခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၁နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၏ လူထုအ‌ခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် မြို့နယ် စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းပြီးကြောင်းနှင့် ကော်မတီဝင်များ တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ကျင်းပခဲ့ သည်။
ပြည်မြို့၌ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 24,2020
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁ဝ နာရီက ပြည်မြို့၊  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့သည်။