သတင်းများ

လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ဆေးရုံသုံးစက်ပစ္စည်းများ ပြည်ပရောက် အလှူရှင်များမှ လှူဒါန်း
Dec 24,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ပြည်ပရောက် အလှူရှင်များမှ စုပေါင်းလှူဒါန်းသည့် ငွေ ၁,၀၄၅,၀၀၀ (ကျပ်ဆယ်သိန်းလေးသောင်းငါးထောင်)တန်ဖိုးရှိ 12" Pt Monitor တစ်လုံးနှင့် Suction Machine တစ်လုံးလှူဒါန်းခြင်းကို အဆိုပါတိုက်နယ်ဆေးရုံ၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် ပြုလုပ်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်သီးနှံ(Home Garden) စိုက်ပျိုးထားရှိမှုအား စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ကာလအတွင်း ကျန်းမာသန့်ရှင်း လတ်ဆတ် သော ဟင်းသီးဟင်းရွက်များ ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုဝင်ငွေတိုးပွားစေရန်နှင့် ကျန်းမာစွာအသက်ရှင် နေထိုင် နိုင်ရေးအတွက် အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်ထားသည့် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် (Home Garden) စိုက်ခင်း စိုက်ပျိုးဆောင်ရွက်ထားရှိမှုအား အောင်မြင်ဖြစ်ထွန်းမှု ရှိ/မရှိ ဒီဇင်ဘာ ၂၄ ရက် ၊ နံနက် ၁၀ နာရီက မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် မုန်းနားစုကျေးရွာနှင့် ညောင်ပင်ရွာကျေးရွာများသို့ သွားရောက်၍ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၈) ဦး ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိ
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ရောက်ရှိလာသူများအား Facility Quarantine Centre (၂)ခုတွင် ထားရှိပြီး swab နမူနာများ ပေးပို့စစ်ဆေးရာမှ ပိုးတွေ့လူနာအဖြစ် ဒေးဒရဲမြို့ရှိ ယာယီဆေးရုံများတွင် ဆေးကုသမှုခံယူပြီး ယနေ့နံနက်ပိုင်းက ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာယံစာသင်တိုက်ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆွမ်းကွမ်း‌ ဝေယျာဝစ္စ အဆင်‌ပြေစေရန်အတွက် ငွေကြာယံစာသင်တိုက် ကျောင်းသို့ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို ယမန်နေ့က ဆက်ကပ်လှူဒါန်း ခဲ့ကြသည်။
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး  လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား
စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းကျေးရွာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် (၇)သန်းဖြင့် ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇)သန်းဖြင့် မဏ္ဍပ်ကိုင်းကျေးရွာတွင် ဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူး
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာနခန်းမတွင် Online အသိပညာပေး အစီအစဉ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၉ နာရီ ကပြုလုပ်သည်။
ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မည်
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာရှိ ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး အတွက် ယခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။