သတင်းများ

ဟားခါးမြို့သို့ Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 24,2020
ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၊ ခရီးသည်များအား Swab နမူနာ စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်းနှင့်ယာဉ်နောက် လိုက်များကို မြို့ဝင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် Swab နမူနာ စစ်ဆေးပြီး ခရီးသွားပြည်သူများအား မြို့ဝင်ဂိတ်တွင် စစ်ဆေးခြင်းမပြုဘဲ သီးသန့်မော်တော်ယာဉ်ဖြင့် ဟားခါးမြို့ Facility Quarantine များတွင် ထားရှိပြီး Swab နမူနာ စစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် Facility Quarantine ဝင်ရောက်နေသည့် အမျိုးသား(၂)ဦးနှင့်အမျိုးသမီး(၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ဟားခါးမြို့တိုင်းရင်းဆေးရုံတွင် ပို့ဆောင်ဆေးကုသမှု ခံယူစေလျက် ရှိကြောင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Dec 24,2020
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပမ်းဆက်သွယ်ရေး ဝန်ကြီးနှင့် ဟင်္သာတခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ချီဖွေမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီ ညှိုနှိုင်း အစည်းအဝေးပြုလုပ်
Dec 24,2020
ကချင်ပြည်နယ်၊ မြစ်ကြီနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း ကော်မတီညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်(၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယောင်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
Dec 24,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် အမှတ်(၃၃၅) ခြေမြန်တပ်ရင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဂါလန်(၈၀၀၀)ဆံ့ဆီသယ်ယာဉ်မှ (၂)လက်မပိုက်အသုံးပြု၍ ပန့်ဖြင့် ဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းရာမှ မီးလောင်မှုဖြစ်ပွား
Dec 23,2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် အင်းတိုင်ကျေးရွာအုပ်စု၊ စပ်စုကျေးရွာ၊ အမှတ်(၂)လမ်းမ ဘေး၊ မိုင်တိုင်(၂၇)မိုင်(၅)ဖာလုံရှိ ဒေါ်နွေးနွေး(၃၈)နှစ်၏ ဆီသိုလှောင်ကန်အတွင်းသို့ ယနေ့ နံနက် (၁၁)နာရီ (၃၃)မိနစ်ခန့်က ဂါလန်(၈၀၀၀)ဆံ့ဆီသယ်ယာဉ်မှ (၂)လက်မပိုက်အသုံးပြု၍ ပန့်ဖြင့် ဆီသိုလှောင်ကန်အတွင်းသို့ ရွှေ့ပြောင်းရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်၌ မြေပြိုကျမှုဖြစ်ပြီး ကျင်းတူးနေသူလေးဦး ပျောက်ဆုံးနေ
Dec 23,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းရပ်ကွက်၊ မော်ဝမ်းကလေးရွာထိပ်ရှိ ကျောက်စိမ်းတောင်ကျောက်မျက်ကုမ္ပဏီ လုပ်ကွက်ဟောင်း၌ ကျင်းကမ်းပါးအား ကျောက်ကျင်းတူးနေသူများ အပေါ်သို့ အထက်ဘက်မှ မြေစာများပြိုကျခဲ့ပြီး ကျင်းတူးနေသူလေးဦး မြေစာများနှင့်အတူ အောက်ဘက် ရေကန်ထဲသို့ လိမ့်ကျသွားခဲ့ကာ ပျောက်ဆုံးလျက်ရှိနေသည့် ဖြစ်စဉ် ယနေ့နေ့လည် (၂)နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း မော်ဝမ်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
သနပ်ပင်မြို့နယ်တွင် RDT Tast kit ဖြင့် စစ်ဆေးရာ ကိုဗစ်ပိုးတွေ့လူနာ (၃)ဦး ထပ်မံတွေ့ရှိ
Dec 23,2020
ပဲခူးတိုင်းဒေသကြီး၊ပဲခူးခရိုင်၊သနပ်ပင်မြို့နယ်တွင်ကားဆရာ(၅၇)ဦး၊ ပိုးတွေ့လူနာနှင့် ထိစပ်သူ (၃၆)ဦး ၊ စုစုပေါင်း (၉၃) ဦးအား ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွှဲပိုင်းက သနပ်ပင်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှကျန်းမာရေးဝန်ထမ်းများက ကိုဗစ် ၁၉ ‌ရောဂါ ပိုး ရှိ/မရှိ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များယူ၍ RDTTast Kit ဖြင့်စစ်ဆေးခဲ့ကြသည်။
တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် အောင်သပြေပန်းများဖြင့် မိသားစုပုံမှန်ဝင်ငွေရရှိ
Dec 23,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့၌ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် အောင်သပြေပန်းများ ရောင်းချခြင်းဖြင့် မိသားစုပုံမှန် ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။