လွိုင်ကော်မြို့အတွင်းရှိ ယစ်မျိုးဆိုင်များအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 24,2020
လွိုင်ကော်မြို့အတွင်း တရားမဝင်ရောင်းချနေသည့် ယစ်မျိုးဆိုင်များနှင့် ဈေးဆိုင်များတွင် တွဲလျှက် ရောင်းချနေသည့် အရောင်းဆိုင်များအား တရားမဝင် အရက် ၊ ဘီယာများ ရောင်းချမှု မရှိစေရန်အတွက် မြို့နယ်ယစ်မျိုးဆိုင်များစိစစ်ကြီးကြပ်ရေးအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီမှစ၍ မြို့ပေါ်ရပ်ကွက် အတွင်းရှိ ယစ်မျိုးဆိုင်များအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက် ခဲ့သည်။