သတင်းများ

ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးသို့ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက်
Dec 23,2020
ချင်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဉတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၀နာရီက ဟားခါးမြို့၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဉတု ပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှု ကော်မတီဉက္ကဋ္ဌ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမာန်ဟင်းဒါလ် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် လူ (၃ဝ) ဦးထက်မပိုစေဘဲ ဝတ်ပြုဆုတောင်းခွင့်ပြု
Dec 23,2020
ဟားခါးမြို့ပေါ်၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ဘုရားကျောင်းတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း လူ (၃ဝ) ဦးထက်မပိုစေဘဲ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ၊ ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (SOP) နှင့်အညီ ဝတ်ပြုဆုတောင်းခွင့် ပြုကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။
ကျိုက်လတ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေးစစ်ဆေး
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ယနေ့ နံနက်(၇) နာရီခန့် ကစ၍ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်း ရောင်းချ လျက်ရှိသော ဈေးများအား အရှိန်အဟုန်မြှင့် အသိပညာပေး စစ်ဆေးခဲ့ကြသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ (၄၇)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ
Dec 23,2020
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၂၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၄၇)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဒေါက်တာသီဟ နှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယနေ့နံနက် (၁၁)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူ မြို့နယ်တွင် စပါးအထွက်နှုန်းကောင်းပြီး ယခင်နှစ်ထက်ဈေးပိုရ
Dec 23,2020
မကွေးတိုင်းဒေသကြီးဆိပ်ဖြူမြို့နယ် အောက်ဆိပ်လျှပ်စစ်မြစ်ရေတင်မှ တောင်သူများ မိုးစပါးအောင်မြင်ဖြစ်ထွန်း၍ စပါး အထွက်နှုန်းများပိုခဲ့ပြီး ယခင်နှစ်ထက် ဈေးအနည်းငယ်ပိုရရှိကြောင်းသိရှိရသည်။
ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အ-ထ-က(၁)Quarantine Center သို့ မုန့်ဟင်းခါးဘူးနှင့်ထမင်းဘူးများ လှူဒါန်း
Dec 23,2020
ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် အ-ထ-က(၁) Quarantine Center ၌ ထားရှိသော ပြည်တွင်းမှပြန်လာသူများ၊ ထိစပ်လူနာများနှင့် အနံ့ပျောက်သူများနှင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြသော Volunteer များ စားသုံးရန်အတွက် ယနေ့ နံနက်ပိုင်းက ဟင်္သာတခရိုင်နှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ စုပေါင်းပြီး မုန့်ဟင်းခါးဘူးများနှင့် ထမင်းဘူးများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
ဆဒုံးမြို့၌ (၇) ရက်အတွင်း တစ်သျှူးငှက်ပျောသီးတင်ယာဉ်တိမ်းမှောက်မှု သုံးကြိမ်ဖြစ်ပွား
Dec 23,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် ကားလမ်းကို အသုံးပြု၍ ကန်ပိုက်တီ နယ်စပ်ဂိတ်မှတဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောသီး တင်ယာဉ်များဖြင့်‌ နေ့စဉ့်် ပို့ဆောင်လျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲခန့်၊ ဦးကျော်ထူး မောင်းနှင်သည့် (၂၂) ဘီးယာဉ်သည်တစ်သျှူး ငှက်ပျောသီး ပို့ဆောင်ပြီးအပြန် မိုင်တိုင်အမှတ် (၄၀/၄၁) ကြားတွင် အရှိန်လွန်တိမ်းမှောက်သွား ကြောင်းသိရသည်။
လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၈)ဦး ထပ်မံတွေ့ရှိ
Dec 23,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့်ကျေးရွာများမှ ပိုးတွေ့လူနာ(၈)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။