Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါအသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ တားဆီးရေးနှင့် ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့တွင် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန် ပါးစပ်နှာခေါင်းစည်း တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ပြီး ပါးပစ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်က တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်၊ ဝါးပြားလမ်းဆုံတွင်ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကော့ကရိတ်မြို့ အုန်းတပင်ကျေးရွာတွင် သွားလာရေးအဆင်ပြေစေရန် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်
Dec 24,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန အကောင်အထည် ဖော်ဆောင် ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယ နှစ်စက်ဝန်းတွင် ကော့ကရိတ်မြို့နယ် ကျုံဒိုးချောင်းဖျားကျေးရွာ အုပ်စု အုန်းတပင်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၂၀ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်
Dec 24,2020
ရှမ်းပြည်နယ်(တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaign ပြုလုပ်ခြင်းအား ယနေ့ နံနက် ၆ နာရီ အချိန်ခန့်က မြို့မစျေးနှင့် ယာယီပျံကျစျေးတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ညွှန်ကြားချက်နှင့်ကိုက်ညီသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ပြန်လည်ဖွင့်လှစ်ရေး ရှင်းလင်း
Dec 24,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လိုက်နာဆောင်ရွက်ရမည့်အချက်များ စစ်ဆေးခြင်းပုံစံ Version2.0 နှင့်အညီ ဆောင်ရွက်ထားရှိသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရေး ချပြရှင်းလင်းခြင်းကို ယမန်နေ့ မွန်းလွဲ(၃)နာရီအချိန်က နောင်ချိုမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေကျင်မြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပြန်လည်ရွေးချယ်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကျင်းပ
Dec 24,2020
ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပြန်လည်ရွေးချယ်နိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက် နံနက်၁၀ နာရီခွဲအချိန်က ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)သို့ Irrawaddy Green Towers ltd. မှ ကိုဗစ် ၁၉ ကာကွယ်ရေးပစ္စည်းများလှူဒါန်း
Dec 24,2020
ကရင်ပြည်နယ်၊ ပြည်သူ့ဆေးရုံကြီး(ဘားအံ)၏ ကိုဗစ် ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ယမန်နေ့က မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံကြီး(ဘားအံ) ဆေးရုံအုပ်ကြီးရုံး ခန်းမ၌ Irrawaddy Green Towers ltd. မှ ကိုဗစ်ကာကွယ်ရေးပစ္စည်းမျိုးစုံကို ပေးအပ်လှူဒါန်းသည်။
အပြည့်အစုံ ဖတ်ရန်
လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ပြည်သူများဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Dec 24,2020
နွားထိုးကြီးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်အတွင်းပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အားပြည့်ဝစွာ သုံးစွဲခွင့်ရရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက မြို့နယ်လျှပ်စစ်ဒုတိယအင်ဂျင်နီယာ ဦးစန်းလွင်ထွန်း၏ ဦးဆောင်မှုနှင့် ဝန်ထမ်းများအဖွဲ့က နွားထိုးကြီး-ဝက်လူး ဓာတ်အားပေးခွဲရုံမှ ဖီဒါဖြင့်လျှပ်စစ်ဓာတ်အားအသုံးပြုသော ၃၃-ကေဗွီ ဓာတ်အား လိုင်းတစ်လျောက် ကွင်းဆင်းစစ်ဆေးသွားရောက်ပြီး ကြွေသီးဟောင်းများလဲလှယ်ခြင်း၊ မလွှတ်ကင်းသော သစ်ပင် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27362
Page
27363
Page
27364
Page
27365
Current page
27366
Page
27367
Page
27368
Page
27369
Page
27370
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department