သတင်းများ

နိုင်ငံတော်အစိုးရမှ စတုတ္ထအကြိမ် ထောက်ပံ့ငွေများအား တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစားများ အမှန်တကယ် ရရှိခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 23,2020
နိုင်ငံတော်အစိုးရမှ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်း ခရိုင် တာမွေမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၏ စားဝတ်နေရေး အဆင်ပြေစေရေးအတွက်
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ပထမနေ့) ဆောင်ရွက်
Dec 23,2020
ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော်(၁၉)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ပထမနေ့)ကို ဒီဇင်ဘာလ (၂၃)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်က ကယားပြည်နယ် လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦး၊ တပ်မတော်သား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၃)ဦး၊ ဗမာတိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ စုစုပေါင်း (၁၇)ဦးတက်ရောက်ခဲ့သည်။
တောင်သာမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ ကိုဗစ်-၁၉ ရောဂါ လမ်းညွှန်ချက်နှင့် အညီ ပင်စင်စားဝန်ထမ်းများအား နေ့အလိုက်ထုတ်ပေး
Dec 23,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပင်စင်စား ဝန်ထမ်းများကို ဒီဇင်ဘာ(၂၁)ရက်၊ နံနက်(၇)နာရီအချိန်မှစတင်၍ ပင်စင် လစာများ စနစ်တကျ ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်၌ ဒလအလင်းတန်းပရဟိတအသင်းမှ မတည်လှူဒါန်းငွေကျပ်သိန်း ၃၀၀ ဖြင့် ဗဟုဇနသုခချမ်းသာ ဓမ္မာရုံကြီး တည်ဆောက်ရေး ပန္နက်တင်
Dec 23,2020
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဆာပါချောင်ကျောင်းစုရပ်ကွက်ရှိ ကန်ဦးကျောင်းတိုက် အတွင်း၌ ဒလ အလင်းတန်းပရဟိတအသင်းမှ မတည်လှူဒါန်းမှုဖြင့် ဗဟုဇနသုခချမ်းသာ ဓမ္မာရုံကြီးတည်ဆောက်ရေးအတွက် ပန္နက်တင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါ ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့သို့ ခရစ္စမတ်နှင့်နှစ်သစ်ကူး ရုံးပိတ်ရက်များတွင် လာရောက်လည်ပတ်မှုမရှိစေရေး စစ်ဆေးမှုများအား ပိုမိုတင်းကျပ်မည်
Dec 23,2020
ပြင်ဦးလွင်မြို့သို့ ခရစ်စ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူးနေ့ ကာလရှည် ရုံးပိတ်ရက်များအတွင်း လာရောက်လည်ပတ်မှု မရှိစေရန် စီစဉ်လျက်ရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးမှ သိရသည်။
ကွမ်းလုံ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲ ကျင်းပ
Dec 23,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဒေသခံပြည်သူ(၈၉)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁) နာရီခွဲအချိန်ခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပန်းခြံအား ခေတ်မီပန်းခြံတစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 23,2020
ကိုဗစ်-၁၉ဖြစ်ပွားနေချိန်ကာလအတွင်း ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်ပန်းခြံအား ယာယီပိတ်ထား သော်လည်း ပြန်လည်ဖွင့်လှစ်ပါက ခေတ်မီပန်းခြံ တစ်ခုအဖြစ်တည်ရှိစေနိုင်ရေး ပြုပြင်ပြောင်းလဲမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက်(၁၀း၃၀)အချိန်ကပန်းခြံအရှေ့ အုတ်ရေမြောင်းတည်ဆောက်နေမှုကို ဆက်လက်လုပ်​ဆောင်နေကြကြောင်း သိရှိရသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးအထောက်အကူပြုပစ္စည်း (၂၁)မျိုးအား ဖြန့်ဝေပေးအပ်
Dec 23,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန် က ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို Volunteer အဖြစ် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာဝန်ထမ်းတို့အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။