သတင်းများ

ညောင်တုန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (CSR) ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 22,2020
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းနှင့် ရတနာစုကုမ္ပဏီတို့၏ ရေနံ ဓာတ်ငွေ့ရည်လုပ်ငန်း အကျိုးတူပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်အရ လူမှု့ရေးတာဝန်သိမှု (CSR) အစီအစဉ်ဖြင့် ညောင်တုန်းမြို့နယ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ရန်ပုံငွေပေးအပ်ပွဲ အခမ်းနားကို ယနေ့နံနက် ၁၁ နာရီက အမှတ် (၂)၊ (၃) ရေနံဓာတ်ငွေ့စက်ရုံ (ညောင်တုန်း) ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရေဇွာ၌် ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၃၆၄.၂၆၀)သန်းဖြင့် တည်ဆောက်လျက်ရှိသော ပညာရေးဌာန၏ ဝန်ထမ်းအိမ် ရာတည်ဆောက်မှု (၁၀၀) ရာခိုင်နှုန်းပြီးစီး
Dec 22,2020
ချင်းပြည်နယ်၊ မတူပီခရိုင်၊ ရေဇွာမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၃၆၄.၂၆၀)သန်းဖြင့် (ဇိုလင်းဘုန်းကုမ္ပဏီ) က တာဝန် ယူဆောင်ရွက်လျက်ရှိသော ရေဇွာမြို့ပညာရေး ဝန်ထမ်းအိမ်ရာ RCC နှစ်ထပ်ဆောင် တည်ဆောက်မှုမှာ(၁၀၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။
ကာမိုင်းမြို့၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ မဖြစ်မနေတပ်ဆင်ရေး (Mask Campaign) ပြုလုပ်
Dec 22,2020
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့၌ လူစည်ကားသည့်နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ပြုလုပ်ခြင်းကို ယနေ့နံနက် (၈)နာရီက ဆောက်ရွက်ခဲ့သည်။
မြစ်သားမြို့၌ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Dec 22,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်
နမ္မတူမြို့နယ်၌ မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ဒဏ်ငွေရိုက်ကာ ကြပ်မတ်ဆောင်ရွက်
Dec 22,2020
နမ္မတူမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တစ်ခုလျှင် (၂၀၀)ကျပ်နှုန်း ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်ရှိ မြို့နယ်တရားရုံးရှေ့လမ်းဆုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်း
Dec 22,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ကိုဗစ်ကော်မတီသို့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ အင်းယားကန်ပေါင်အား ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အသိပေး ကြေညာခြင်းများ ဆောင်ရွက်
Dec 22,2020
ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီမှ ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home သတ်မှတ်ထားသည့် မြို့နယ်များအတွင်းရှိ ခရစ်စမတ် ကာလနှင့် နိုင်ငံတကာ နှစ်သစ်ကူးရုံးပိတ်ရက် ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် အများပြည်သူ စုဝေးတတ်သော နေရာများဖြစ်သည့် ပြည်သူဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ အင်းယားကန်ပေါင်၊၊ ပန်းခြံနှင့် ကစားကွင်းများ အားလုံးကို ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရှိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြန်အောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း(၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၂၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်
Dec 22,2020
မြန်အောင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာ စီမံကိန်း(၂)ယူနစ်နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ကျေးရွာ(၂၇)ရွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။