သတင်းများ

တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး  လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Dec 24,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား
စေတုတ္တရာမြို့နယ် မဏ္ဍပ်ကိုင်းကျေးရွာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြု ရန်ပုံငွေကျပ် (၇)သန်းဖြင့် ဂါလံ(၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက် ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ ကျပ်(၇)သန်းဖြင့် မဏ္ဍပ်ကိုင်းကျေးရွာတွင် ဂါလံ (၂၄၀၀)ဆံ့ စင်မြင့်ရေစင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ရိုက်ကူး
Dec 24,2020
တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟို ဌာနခန်းမတွင် Online အသိပညာပေး အစီအစဉ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၉ နာရီ ကပြုလုပ်သည်။
ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဆောင်ရွက်မည်
Dec 24,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာရှိ ကျေးလက်နေပြည်သူများ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက် စေရေး အတွက် ယခု ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လယ်ယာမြေဧက ၈၀၀ ကျော် အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းသစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။
ကျိုက်ဒုံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများ ဆောင်ရွက်
Dec 24,2020
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယမန်​နေ့ည၇နာရီက မီးသတ်ဦးစီးဌာနမှ ကျိုက်ဒုံမြို့ သန္ဓမီးသတ်ရုံး တာဝန်ခံရန်နိုင်လင်းနှင့်တပ်ဖွဲ့များသည့် ပူပြင်းခြောက်​သွေ့သောရာသီသို့ရောက်ရှိလာပြီးဖြစ်၍ ဒေသတွင်နေထိုင်သည့် ပြည်သူများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေ​ရေးနှင့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များဆုံးရှုံးထိခိုက်နှစ်နာမှုများမဖြစ်ပေါ်စေ​ရေးအတွက်ရည်ရွယ်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်မှု အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်
Dec 24,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ထိန်းချုပ်နိုင်ရန် မြို့နယ်အတွင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး မြို့နယ် ကိုဗစ်-၁၉ အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် Upper KMN မှ ကလေးဗဟိုပြုလူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီတွေ့ဆုံဆွေးနွေး
Dec 24,2020
မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာ ကလေးအခွင့်အရေးဆောင်ရွက် သူများ အဖွဲ့(Upper KMN)မှ ကလေးဗဟိုပြု လူမှုအခြေပြုတာဝန်ခံမှုဆိုင်ရာ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲကို၊ ယနေ့ နံနက်(၁၀)နာရီက ကျောက်ပန်းတောင်းမြို့ ပြည်တော်သာ ရပ်ကွက်ရှိ၊ကောင်းမှုပြည့် ကျောင်းတိုက်တွင်ပြုလုပ်ခဲ့ သည်။
အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဝေငှ
Dec 24,2020
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ အခမဲ့ဝေငှပေးခြင်းကိုယနေ့ နံနက်၉နာရီခွဲကပုလဲငွေရောင်ရပ်ကွက်၊ အကွက်(၁၅၉)ရှိ SemiL ockdown ချထားသောနေရာနှင့်၂၁ လမ်းနှင့်၂၂ လမ်းကြား၊ ၈၃ လမ်းနေရာများတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။