ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၀)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ
Dec 21,2020
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၃၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။