သတင်းများ

ပင်လည်ဘူးမြို့၌ တောင်သူစိုက်ပျိုးနည်းပညာပေး သင်တန်းနှင့် ကွင်းအတွင်း နည်းပညာ မိတ်ဆက်ပြသပွဲပြုလုပ်
Dec 21,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၌ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူစိုက်ပျိုးနည်း ပညာပေးသင်တန်းနှင့် ကွင်းအတွင်းနည်းပညာ မိတ်ဆက်ပြသပွဲကို ဒီဇင်ဘာ ၂၀ ရက်နေ့က မံစီလေး KC နယ်မြေ တောင်ကုန်းကျေးရွာ အုပ်စု၊ တောင်ကုန်း ကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ
Dec 21,2020
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကျင်းပသည့် မိတ္ထီလာခရိုင် အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၆ နာရီအချိန်က မိတ္ထီလာမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၉)ဦးထပ်မံဝင်ရောက်
Dec 21,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ(၁၉)ရက်နေ့က (၉)ဦးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၁၀)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၉)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ လှူဒါန်းသည့် အောက်စီဂျင်ဘူး (၂၀၀) ကို ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရာ တိုင်းရင်းဆေးရုံ အထူးကြတ်မတ်ကုသဆောင်သို့ ဆက်လက် လှူဒါန်း
Dec 21,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသကရှူရန် ခက်ခဲသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ကလေးမြို့နယ်အတွင်းရှိ အလှူရှင်များက
စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တောင်သူ များ၏ ဝင်ငွေမထိခိုက်စေရေး စိုက်ခင်းထဲအရောက် အသိပညာပေး လုပ်ငန်းများ လုပ် ဆောင်ပေး
Dec 21,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ခင်းများထဲအရောက် လိုက်လံ လုပ်ဆောင်ပေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ၌ ယာဉ်မောင်း(၂)ဦးထံ တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိ
Dec 21,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၉၆)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း လားရှိုးမြို့ မံဖိုင်လမ်း၊ နယ်မြေ(၃) အမှတ်(၁၂)ရပ်ကွက်နေသူ အမျိုးသား(၁)ဦးနှင့် အောင်မြေသာဇံမြို့နယ် အကွက်အမှတ် (၈၈)၊ မင်းတဲအီကင်းရပ်ကွက် နေထိုင်သူ (၆)ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။
ဘုတ်ပြင်းမြို့နယ် တွင် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်
Dec 21,2020
ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများနှင့်ခရီးသွားပြည်သူများ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့်အလေ့အထများ ရှိစေရန် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်း အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဗန်းမော်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံ
Dec 21,2020
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး ကျော်လင်းအောင် က ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။