သတင်းများ

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မျက်နှာနှင့်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လူထုလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်
Dec 21,2020
လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ပျံ့ပွားမှုအား ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထား သည့် Stay at Home ကာလအတွင်း လူစုလူဝေးမဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျ စေရန် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများ၊ ကားဂိတ်များနှင့် လူစည်ကားရာ နေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေး စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက်
Dec 21,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်း ဝေးစေ ရန်နှင့် ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေးအတွက် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းများ ဆောင်ရွက် ခြင်းကို ဒီဇင်ဘာ ၂၀ ရက် ၊ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ မြို့နယ် လျှပ်စစ် အင်ဂျင်နီယာ ဦးတင့်ဇော် ၏ ဦးဆောင်မှုဖြင့် ဝန်ထမ်းများ အဖွဲ့က ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာသို့ ဖြန့်ဖြူးပေးထားသော ၁၁ ကေဗွီ ဓာတ်အားလိုင်းတစ်လျှောက် ကွင်းဆင်း သွားရောက်ပြီး လျှပ်စစ်အန္တရာယ်ကင်းဝေးရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ၄၀၀ ဗို့လိုင်း ထရန်စဖော်မာ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကော့မှူး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံနှိုးဆော်
Dec 21,2020
မီးလောင်ဆုံးရှုံးမှုမဖြစ်ပွားစေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကို စနစ်တကျ သုံးစွဲတတ် စေရန် အသိပညာပေးကြေညာခြင်းကို ရန်ကုန်တောင်ပိုင်းခရိုင်‌ ကော့မှူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ယမန်နေ့ ည ၇ နာရီက လိုက်လံကြေညာပေးနေကြောင်း သိရသည်။
ငပုတောမြို့မှ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသောလူနာနှင့် ၎င်း၏အမျိုးသမီးတွင် ကိုဗစ်-၁၉ ရောဂါတွေ့ရှိ
Dec 21,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ မြေက်ပိုင်းရပ်ကွက်နေ အသက်(၄၈) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးမှာ အာရုံကြော အားနည်း ရောဂါဖြင့် ပုသိမ်မြို့၊ ကုတင် (၅၀၀) ဆေးရုံကြီးအဆောင်(၂)၊ အခန်း (၁) တွင် ဒီဇင်ဘာလ ၃ ရက်နေ့မှစ၍ ဆေးရုံတက်ရောက် ကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် သဲကားတိမ်းမှောက်ကာ လူ (၂)ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရ
Dec 21,2020
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အနောက်ရပ်ကွက် အကွက် (405-A) ချော်ဆိပ်ရပ် တွင် ယနေ့ နံနက် ၆နာရီက သဲကားလဲ၍ အိမ်နှင့်လူများ ပိသောကြောင့် လူ (၂)ဦး သေဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြည်မြို့ ဝက်ထီးကန်တိုက်နယ်၌ ဆည်မြောင်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 21,2020
ပဲနယ်ခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ်ရှိ ဆည်​မြောင်းလုပ်ငန်းများကို တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လပွတ္တာ​၌ စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရောင်းချခြင်း ရှိ မရှိ ကွင်းဆင်းစစ်ဆေး
Dec 21,2020
ဧရာဝတီဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့​ပေါ်ရှိ ရောင်းချနေသည့် မုန့်မျိုးစုံဆိုင်နှင့် ကုန်စုံ ဆိုင်များတွင် စားသုံးရန်မသင့်သော စားသောက်ကုန်များနှင့် ၂ဝ၁၉ ခုနှစ် မတ်လက ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေး ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ
ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၃၀)ဦးအား ဓါတ်ခွဲနမူနာ Swab များရယူ
Dec 21,2020
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၁၆)ဦး၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၃၀)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် ၎င်းတို့၏ ဓါတ်ခွဲနမူနာ Swab များရယူခြင်းကို ယမန်နေ့၊ မွန်းလွဲ(၁)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။