သတင်းများ

မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရ
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာတစ်ဦးကို ဒီဇင်ဘာလ(၅)ရက်နေ့က ဆေးရုံဆင်းခွင့်ရရှိခဲ့ပြီး မူဆယ်မြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုပိုးတွေ့လူနာအားလုံး ဆေးရုံဆင်းခွင့်ရရှိပြီဖြစ်ကြောင်း မူဆယ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကုသရေးကော်မတီထံမှ သိရသည်။
မိုင်းတုံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြုပ်နှံမှု အဆိုပြုလျာထားစာရင်းများ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 07,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၁ဝ:၃၀)နာရီအချိန် က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက် အဆိုပြုလျာထားစာရင်းများအား စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
ပင်းတယမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 07,2020
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့တွင် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ် (၇)ကို ပင်းတယမြို့၊ မြို့မဈေး၌ ယနေ့ နံနက်ပိုင်း က ဖြန့်ဝေပေးခဲ့သည်။
ငပုတော၌ အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ် ပေါက်ကွဲပြီး မီးလောင်ရာမှ နေအိမ် ၁၈ လုံးဆုံးရှုံး
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ် ဖြစ်ပေါက်ကွဲပြီး မီးလောင်ရာမှ နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Tech Age Girls Myanmar (TAG) 2021 Online သင်တန်းဖွင့်လှစ်ရန် (TAG) Project မိတ်ဆက် အခမ်းအနားကျင်းပ
Dec 07,2020
Myanmar Book Aid and Preservation Foundation (MBAPF) မှ ကြီးမှူး ကျင်းပသော Tech Age Girls Myanmar (TAG) 2021 Online သင်တန်းဖွင့်လှစ်ရန် (TAG) Project မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက Online မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းလပ်မြို့၌ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းဆောင်ရွက်
Dec 07,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ပေါ်နှင့် ကျာခမ်းကျောက် ကျေးရွာအုပ်စု အတွင်းရှိ အသက် ၂လမှ ၁နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ် ဆေးတိုက်၊ ဆေးထိုးပေးခြင်းကို ယနေ့နံနက်ပိုင်းက နမ့်ငေါ့ ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉‌ ရောဂါကာကွယ်ရေး သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေး
Dec 07,2020
နွားထိုးကြီးမြို့၌ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး သတ်မှတ် စည်းကမ်း ချက်နှင့် အညီ ဖွင့်လှစ်ရောင်းချနိုင်ရန်အတွက် သက်ဆိုင်ရာတာဝန် ရှိသူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေး ဆွေးနွေး
Dec 07,2020
ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သတ်၍ ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက် နိုင်ရေး ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။