ကျောက်တန်းမြို့ လူစည်ကားရာ နေရာများ၌ Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှု ဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာ(၅၇၀) ဦး အထိရှိလာပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုအား ကာကွယ် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်ပြီး စည်ပင်သာယာမြို့မဈေးနှင့် လူစည်ကားရာ နေရာများတွင် Mask တပ်ဆင်ရေး အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက် ၆ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။