သတင်းများ

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် တက်ရောက်ကုသမှု ခံယူနေရသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများလှူဒါန်း
Dec 08,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး(အင်းစိန်)၊ ဖျားနာဆောင် တွင် တက်ရောက်ကုသမှုခံယူ နေရသော လူနာများနှင့်ကျန်းမာရေး ဝန်ထမ်းများအတွက် အသင့်စားသုံး နိုင်သည့် ထမင်းဘူး(၁၅၀)နှင့် အလှူငွေများကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်) တွင် လှူဒါန်းခဲ့ ကြောင်း သိရသည်။
မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်၊ အကွက်(၁၆၇)ရှိ ၂၃လမ်း၊ ၈၂လမ်းနှင့်၈၃ကြား၊ Royal Black Stone Condo အ‌နောက်ခြမ်း ၅လွှာရှိ အခန်း C-5 တိုက်ခန်းတွင် ယနေ့နံနက် ၁၁နာရီခွဲက Air-Cooler အပူလွန်ကဲရာမှ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းဖွင့်လှစ်
Dec 08,2020
ပဲခူးတိုင်း​ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာပြုပြင်ထိန်းသိမ်း ခြင်း သင်တန်းကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ မဟာဘုံကထိန်ကျင်းပ
Dec 08,2020
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်တွင် မြို့နယ်ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖများစုပေါင်း၍ ၂၀၂၀ ပြည့်နှစ် စုပေါင်းမဟာဘုံကထိန်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနည်းလမ်းများနှင့် အညီ ယနေ့ နံနက်ပိုင်းက လောခုခူ ကျေးရွာ၊ လောခုခူထေရဝါဒ ဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ် သည်။
ကျိုက်မ​ရော၌ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသား​​အောင်ပွဲနေ့ အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာ​စောင်များ ဖြန့်​ဝေ
Dec 08,2020
မွန်ပြည်နယ်၊ကျိုက်မ​ရောမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ နှစ်တစ်ရာ ပြည့် အမျိုးသား​အောင်ပွဲ​နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာ​​စောင်များကို ယ​နေ့ နံနက် ၈ နာရီ ခန့်က ကျိုက်မ​ရောမြို့အတွင်းရှိ လူစည်ကားရာ ​နေရာများ၌ဖြန့်ဝေ ​ ​ပေးခဲ့ကြသည်။
ထန်းတပင်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ
Dec 08,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သော ဈေးများတွင် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဖြန့်ဝေပေးခဲ့သည်။
ခိုင်ကမ်းမြို့ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေသည့် Campaign ပြုလုပ်
Dec 08,2020
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား Mask များကို အခမဲ့ ဖြန့်ဝေသည့် Campaign ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဆောင်ရွက်
Dec 08,2020
မင်းတပ်မြို့မစျေးရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စျေးရောင်းစျေးဝယ် ပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာ ပေးခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။