သတင်းများ

မြဝတီမြို့ အမှတ်(၃)ရပ်ကွက်ရှိ ညောင်ဦးဖီးလမ်းကွန်ကရစ်ခင်းခြင်း ၉၀ ရာခိုင်နှုန်းပြီးစီး
Dec 08,2020
မြဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၃) ရပ်ကွက်ရှိ အရှည် ၄၂၀ ပေ၊ အကျယ် ၂၀ ပေ ရှိသည့် ညောင်ဦးဖီးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေကျပ် ၂၁ သိန်းဖြင့် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲဆောင်ရွက်
Dec 08,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း(၁၁)နာရီအချိန်တွင် ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
ပုသိမ်ကြီးမြို့နယ်အတွင်း Stay At Home ကာလ စည်းကမ်းလိုက်နာမှုများအား တာဝန်ရှိသူများက စစ်ဆေးမှုများ ဆောင်ရွက်
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး Stay At Home ကာလအတွင်း၊ မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာ များမှပြည်သူများ စည်းကမ်းလိုက်နာမှု ရှိ/မရှိ၊ တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ဒီဇင်ဘာ ၅ ရက်နေ့ကစတင်ကာ စစ်ဆေးမှုများ ပြုလုပ် လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့ထံမှ သိရသည်။
မြစ်သားမြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ပေါင်း (၇၉)ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု
Dec 08,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက် ဆိုင်များထဲမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေး
Dec 08,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ပိုင်စျေးများနှင့် ပုဂ္ဂလိကကိုယ်ပိုင်စျေးများတွင် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်း က ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်
ငါန်းဇွန်မြို့၌ ၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေသည့် ၂၀၂၀ပြည့်နှစ် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ငါန်းဇွန်မြို့မစည်ပင်သာယာဈေးအတွင်းနှင့် အနီးပတ်ဝန်းကျင်တို့တွင် ယနေ့နံနက် ၇နာရီခွဲမှ စ၍ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာဆရာတော် ရောဂါ ပိုးကင်း စင်၍ ဆေးရုံမှ ဆင်းခွင့်ရ
Dec 08,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာဆရာတော်(၁)ပါးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယနေ့ နေ့လယ်(၁)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နှစ် ၁၀၀ ပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ
Dec 08,2020
နွားထိုးကြီးမြို့နယ်တွင်၊ ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ယနေ့ နံက် ၉နာရီက လူစည်ကားရာနေများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။