သတင်းများ

ကလောမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဝန်ထမ်းများက လူထုအခြေပြုဗဟိုဌာနရှိ ရွေ့လျား စာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ၊ ကလောမြို့မဈေး နှင့် အောင်ပန်းဈေး တို့တွင် ပြည်သူများထံ လက်ဝယ်အရောက် ဖြန့် ဝေပေးခဲ့ကြောင်း သိရသည်။
ဖားကန့်၌ ကိုဗစ်-၁၉ ပိုးတွေ့သူပေါင်း (၂၀၀)ကျော်ထိရှိလာ
Dec 08,2020
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ယနေ့(ဒီဇင်ဘာ ၈ ရက်)အထိ (၂၀၄)ဦးထိရှိသွားပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ပြည်သူထံသို့ဖြန့်ဝေဆောင်ရွက်
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် အတွဲ(၄)၊အမှတ်(၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းတို့ မှယနေ့နံနက်(၁၁)နာရီက ပြည်သူများ ထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာတွင် "ပြည်သူလူထုကျန်းမာရေးစကားဝိုင်း" ပြုလုပ်
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာ သရက်ကုန်းတိုက်နယ် ကျန်းမာရေး ဦးစီးဌာနတွင် ပြည်သူလူထုကျန်းမာရေး စကားဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များ ပြည်သူများ လက်ဝယ်အရောက်ဖြန့်ဝေပေး
Dec 08,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ထုတ်ဝေသော ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား အများပြည်သူများ လေ့လာဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈နာရီ အချိန်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ စျေးရောင်းစျေးဝယ်များ၊ ဆိုက်ကားဂိတ်များ၊ ကားမှတ်တိုင်များ တွင် ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် အမျိုးသားနေ့အောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 08,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့တွင် ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များကို လားရှိုးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရှောင်လမ်းတိုးဂိတ်၊ ကားဂိတ်များနှင့် မြို့မစျေးအတွင်း လိုက်လံဖြန့်ဝေခဲ့ကြောင်းသိရသည်။
လုံယန်း-နောင်တော (၅/၀) မိုင် အပြီးသတ် မြေသားလမ်း ဖောက်လုပ်ခြင်း စတင်ဆောင်ရွက်
Dec 08,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့အတွင်းရှိ လုံယန်းကျေးရွာအုပ်စုနှင့် နောင်တောကျေးရွာ အုပ်စုတို့ကို ဆက်သွယ်ထား သော ကျေးရွာချင်းဆက်လမ်း (လုံယန်း-နောင်တော) (၅/၀)မိုင် အပြီးသတ် မြေသားလမ်းဖောက်ခြင်း လုပ်ငန်းကို ၂၅-၁၁-၂၀၂၀ ရက်နေ့၊ နံနက်ပိုင်းမှ စတင်ဖောက်လုပ် ဆောင်ရွက်လျက်ရှိသည်။
ရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာန၌ နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့အကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Dec 08,2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆို ဂုဏ်ပြုသောအား ဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ ဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်မှုကို ယမန်နေ့ နေ့လယ်ပိုင်း က လူထုအခြေပြုဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။