သတင်းများ

တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge) အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေး
Dec 08,2020
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့ ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စုလမ်းမကြီး ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)တွင် လမ်းမကြီးပေါ် ဖြတ်သန်းသွားလာမည့်မော်တော်ယာဉ်များ သတ်မှတ် ကုန်တင်တန်ချိန်ထက် ကျော်လွန်၍ တင်ဆောင်မောင်းနှင်ခြင်း မပြုစေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ် ၁၁ နာရီခွဲက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ်စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးဝေလင်းတို့နှင့် တာဝန်ရှိသူများလာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်
Dec 08,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်ကျေးရွာရှိ ဆင်းသုခစပါးမျိုးစံကွက် ရိတ်သိမ်း ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကွင်းအမှတ် (၁၁၈၅)၊ ဦးပိုင် (၁၁၃) တောင်သူ ဦးဉာဏ်လှ၏ စင်းသုခစပါးပျိုးခင်းစံ ကွက်ရိတ်သိမ်းခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
မံစီမြို့၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်ကို ပုံမှန်ဆောင်ရွက်
Dec 08,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုး၊ ဆေးတိုက်အစီအစဉ်များကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မံစီမြို့တော်ခန်းမ၌ အသက် ၂ လ မှ ၆ လအရွယ် ကလေးငယ်များကို ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
မီးဘေးသင့်အိမ်ထောင်စု ၁၈ စုအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေများ ထောက်ပံ့ပေးအပ်
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာတွင် ယခုလ ၆ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်၁၈လုံးမှအိမ်ထောင်စု ၁၈ စုအတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပစ္စည်းများနှင့် ရန်ပုံငွေများပေးအပ်ခြင်းကို အဆိုပါကျေးရွာ၌ ယမန်နေ့ ည ၇ နာရီက ပြုလုပ်ခဲ့သည်။
ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားသို့ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်တက်ရောက်
Dec 08,2020
ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများအား ပြည်သူများထံ ချပြခြင်းအခမ်းအနားကို ယမန်နေ့က ဟားခါးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ပြည်နယ်စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်က ဟားခါးမြို့တွင်း ရေဖြန့်ဝေမှု အခြေအနေများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
ထန်ပါခွေမြို့၌ ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက်ပြီးစီးမှုနှင့် လယ် (၅၀) ဧက ဖော်ထုတ် ထားရှိမှုအား ကွင်းဆင်းစစ်ဆေး
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဒီဇင်ဘာလ (၇) ရက်၊ နံနက် (၈) နာရီအချိန်က ခွဲစိတ်ဆောင် RC (၁) ထပ်တည်ဆောက် ပြီးစီးမှုနှင့် လယ် (၅၀) ဧကဖော်ထုတ်ထားရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
လမ်းမတော်မြို့နယ်တွင် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေ
Dec 08,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊​ လမ်းမတော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲ နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းက လူစည်ကားရာနေရာများတွင် အခမဲ့ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်း နှင့် Mask Campaign​ ဆောင်ရွက်ခြင်းများအရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
Dec 08,2020
ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက်ပြည်သူများ အစဉ်အမြဲသတိရှိစေရေး ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို မြို့နယ်အလိုက်ဆောင်ရွက်လျှက်ရှိရာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်အနေဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်ကာ လူစည်ကားရာနေရာများ၊ စျေးများနှင့်လမ်းများရှိ ပြည်သူများကျန်းမာရေး သတိရှိစေရေးအတွက် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်စေရေး Mask Campaign ပြုလုပ်ခြင်းအား အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ခဲ့ကြသည်။