သတင်းများ

ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး ကျန်းမာရေး ကောင်းမွန်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီ
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ ခုတင်-၃၀၀ဆံ့ဆေးရုံ (တိုင်းရင်းဆေးရုံ) နှင့် ပြည်သူ့အငှား အိမ်ယာ (အိတ်စွပ်) တို့တွင် ဆေးကုမှုခံယူနေကြသည့် ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာ (၉) ဦး တို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့နံနက် (၁၀)နာရီအချိန်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။
မင်းဘူးမြို့တွင် နှစ် (၁၀၀) ပြည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင်များ လိုက်လံဝေငှ
Dec 08,2020
မကွေးတိုင်းဒေသကြီး မင်းဘူခရိုင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့မနက် ၁၀ နာရီ အချိန်က မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုဝင်းနှင့် ဝန်ထမ်းများသည် မင်းဘူးဈေးနှင့် လူအသွားအလာများသည့် နေရာများတွင် ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ သတင်းစကား လက်ကမ်း စာစောင် များကို အများပြည်သူ သိရှိစေရန် လိုက်လံဝေငှလျက်ရှိကြောင်း သိရသည်။
ပုလောမြို့စျေးများ၌ ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 08,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ စျေး၀ယ်သူ၊ စျေးရောင်းသူ ပြည်သူများအနေဖြင့် နှာခေါင်းစည်းများ တပ်ဆင်သွားလာရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ ဆောင်းနေကြာစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ
Dec 08,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်းနေကြာစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီက ကျင်းပခဲ့သည်။
မိသားစုတစ်ပိုင်တစ်နိုင် မြက်တံစည်း ပြုလုပ်ရောင်းချခြင်းဖြင့် အဆင်ပြေ
Dec 08,2020
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) ချမ်းသာကြီးရပ်ကွက်တွင် မိသားစု တစ်ပိုင်တစ်နိုင်မြက် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစု စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရသည်။
ဝါးခယ်မမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ
Dec 08,2020
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် အတွဲ(၄)၊ အမှတ်(၇)ကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက လူစည်ကားရာ နေရာများတွင် ယနေ့နံနက် ၁၀ နာရီက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်တွင်း မြို့သာယာလှပစေရေးအတွက် LED လမ်း မီးလုံးကြီး ၄၄၄ လုံး တိုးချဲ့တပ်ဆင်
Dec 08,2020
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း မြို့သာယာလှပရေးအတွက် LED လမ်းမီးလုံးကြီး ၄၄၄ လုံး တိုးချဲ့တပ်ဆင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း ညောင်ဦးခရိုင်လျှပ်စစ်မန်နေဂျာ
တစ်လမုံ့ညင်းသည် ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေ
Dec 08,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်းရှိ ကျေးရွာ များမှ တောင်သူအချို့သည် ဒေါင်းမြူး ချောင်းကို အခြေခံ၍ တစ်လမုံ့ညင်းကို စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်ထက် စျေးကောင်းသဖြင့် စိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။