သတင်းများ

ပြင်စလူမြို့ မြို့အဝင်စစ်ဆေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ မဖြစ်စေရေး စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပွားစေရေးနှင့် ကြိုတင် ကာကွယ်နိုင်ရန်အတွက် မြို့အဝင်စစ်ဆေးရေးဂိတ်၌ မြို့ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ မြို့အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ များက ပူးပေါင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၀ ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသား အောင်ပွဲနေ့ထိမ်းအမှတ် လက်ကမ်းစာ‌ စောင်များ လူစည်ကားရာ နေရာများ၌ ဖြန့်ဝေ
Dec 07,2020
ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ ၀န်ထမ်းများက ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် လက်ကမ်းစာစောင် များလူစည် ကားရာ‌ နေရာများ၌ဖြန့်ဝေခြင်းကို ယ‌နေ့နံနက်ပိုင်းက လူစည်ကားရာနေရာများဖြစ်သည့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၊ ကားဂိတ်၊ ဆိုင်ကယ် ကယ်ရီဂိတ်၊  မြို့မဈေး တို့တွင် ပြည်သူများ လက်၀ယ်အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြိုနယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် သွားလာရေး အဆင် မပြေသော လမ်းများကို ကွန်ကရစ်လမ်း ခင်းကျင်းခြင်းနှင့် အခြားဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာ ယမန့်နေ့ နံနက် ၁၁ နာရီက ရွှေပေါက်ကံမြို့သစ် ရပ်ကွက်နှင့် (ဌ)ရပ်ကွက်ရှိ ကွန်ကရစ်လမ်းခင်း ဆောင်ရွက်နေမှုများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ ကြောင်း သိရသည်။
ရွာငံမြို့တွင် မိုးလုံလေလုံ အားကစားရုံ ပန္နက်တင်မင်္ဂလာပြုလုပ်
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ မြို့နယ်အားကစားကွင်း အတွင်း၌ မိုးလုံလေလုံ အားကစားရုံအတွက် ပန္နက်တင်မင်္ဂလာပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၀)နာရီက အဆိုပါ ဆောက်လုပ်မည့်နေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း မြှင့်တင်ဖော်ဆောင်နိုင် ရေးအတွက် နေရာသစ်(၂)ခုအားကွင်းဆင်းကြည့်ရှု
Dec 07,2020
မန္တလေးတိုင်ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌သဘာဝအခြေခံ ခရီးသွားလုပ်ငန်း ဖော်ဆောင်မြှင့်တင်နိုင်ရေးတွက် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှု့ကော်မတီ ညောင်ဦးခရိုင် (DMO) အတွင်းရေးမှူး
အေးသာယာမြို့တွင် နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုများပပျောက်ရေး လှုပ်ရှားမှုတစ်ရပ်ပြုလုပ်
Dec 07,2020
နိုင်ငံတကာအမျိုးသမီးများအပေါ်အကြမ်းဖက်မှုများပပျောက်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် ကလေး နှင့် အမျိုးသမီးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်မှုဆောင်ရွက်နေသော ကမ်းလက်မေတ္တာ အဖွဲ့အစည်းမှ ဒီဇင်ဘာ(၆)ရက်၊ ညနေ(၄)နာရီက တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ တိုင်းလုံလမ်းဆုံတွင် လှုပ်ရှားမှုတစ်ရပ် အဖြစ် ဖဲကြိုးဖြူအမှတ်အသားပါ Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့တွင် မီးဘေးအန္တရာယ် ကင်းဝေးရေး သတိပေးချက်များ လှည့်လည်အသိပေးနှိုးဆော်
Dec 07,2020
ပြည်သူများ မီးဘေးအန္တရာယ်မှ ကင်းဝေးစေရေးနှင့် မီးဘေးသတိ အမြဲရှိနေစေရေးအတွက် ကန်ကြီးထောင့် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတိပေးချက်များကို ယမန်နေ့ ညနေ ၄ နာရီမှ စတင်ကာ မီးသတ်ယာဉ်ဖြင့် မြို့နယ်အတွင်းသို့ လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ နှစ်ဦး စတင်တွေ့ရှိ
Dec 07,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာနှစ်ဦး စတင်တွေ့ရှိကြောင်း ချောင်းသာမြို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူက အတည်ပြု ပြောကြားခဲ့သည်။