သတင်းများ

အရည်အသွေးကောင်း စပါးမျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ ဂန့်ဂေါတွင် ကွင်းဆင်းစစ်တမ်းကောက်
Dec 07,2020
အရည်အသွေးကောင်း စပါးမျိုးများ ယှဉ်ပြိုင်စမ်းသပ်ခြင်းကို ဂန့်ဂေါမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနသည် စိုက်ပျိုး ရေးသုတေသနဦးစီးဌာနနှင့် ပူးပေါင်း၍
နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း အိမ်ထောင်စု (၇၂၀) စုတို့အား ဆန်၊ ဆီ၊ ဆားများ လှူဒါန်း
Dec 07,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကုလားရှင်စံပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နေသည့် ကာလအတွင်း အိမ်ထောင်စု (၇၂၀) စုတို့အား
မရမ်းကုန်းမြို့နယ် ကမ္ဘောဇသီလရှင် စာသင်တိုက်ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်း
Dec 07,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်ရှိ ကမ္ဘောဇ သီလရှင်စာသင်တိုက်ရှိ သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁၀:၀၀ နာရီအချိန်က အဆိုပါ သီလရှင်ကျောင်း၌ ပြုလုပ် လှူဒါန်းခဲ့သည်။
နတ်မောက်မြို့ မြို့မစည်ပင်သာယာရေးဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေ
Dec 07,2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ ယနေ့ နံနက် (၇) နာရီခွဲ အချိန်ခန့်က မြို့နယ် အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအနေဖြင့် ပြည်သူများထံသို့ နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကာလိမြို့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ နှာခေါင်းစည်း (Mask)များ လိုက်လံဖြန့်ဝေ
Dec 07,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများမှ နှာခေါင်းစည်း (Mask)များ အခမဲ့လိုက်လံဖြန့်ဝေခြင်းကို ယနေ့နံနက် (၉)နာရီ အချိန်ခန့် က ကာလိမြို့မဈေးနှင့် ယာယီပျံကျဈေးတွင် သွားရောက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေတောင်မြို့တွင် ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 07,2020
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လူစည်းကားရာ ပြည်-ရန်ကုန်လမ်း တည်ကုန်း တောင်ပိုင်းဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးနှင့်ဌာနဆိုင်ရာများ၊ မီသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ ပူးပေါင်းပြီး ပြည်သူများအား ကိုဗစ်−၁၉ ရောဂါ ကူးစက်မှုကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးမည့်တောင်သူများအား ပိုက်ဆံလျှော်သစ်စိမ်း မြေသြဇာပေးအပ်
Dec 07,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျင်သီကျေးရွာ အုပ်စု၊ ကြံခင်းကျေးရွာတွင် မိုးစပါးရိတ်သိမ်းပြီး နွေစပါးစိုက်ပျိုးမည့် တောင်သူများအား ပိုက်ဆံလျှော်သစ်စိမ်းမြေသြဇာ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်း က အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး နေအိမ်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် ကျေးရွာသန့်ရှင်းသာယာရေး စုပေါင်းအမှိုက်ကောက်
Dec 07,2020
ကျေးရွာသန့်ရှင်းသာယာလှပရေး၊ ကျေးလက်နေပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်စွာ နေထိုင်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများအား လျော့ချနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ဇွဲကနာကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီမှ စတင်ကာ နှင့် ဇွဲရတနာပရဟိတအဖွဲ့မှ ဦးဆောင်၍ ကျေးရွာလုံးကျွတ် စုပေါင်းအမှိုက်ကောက်ခြင်းနှင့် အမှိုက်သိမ်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။