ရွှေကူမြို့နယ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်(၂)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုးထပ်မံတွေ့ရှိ
Dec 04,2020
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၂၈)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၅၀)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့ ညနေ ၃ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၆ ဘီး ကုန်စုံတင်ယာဉ်မှ ယာဉ်မောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့ အမှတ်(၁)ရပ်ကွက် နေထိုင်သော အမျိုးသား(၁)ဦး နှင့် ၁၂ ဘီး ငှက်ပျောတင်ယာဉ်၏ ယာဉ်နောက်လိုက် ဗန်းမော်မြို့ သာစည်ရပ်ကွက် လျှပ်စစ်ကုန်းနေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ ကြောင်းသိရသည်။