သတင်းများ

သီပေါမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆောင်းသီးနှံ လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးအတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မဲဇာနည်းပညာပေးစင်တာမှ စိုက်ပညာရှင်ဝန်ထမ်းများက ၂၀၂၀ ခုနှစ်၊ ယမန်နေ့က နယ်မြေအတွင်းရှိ တောင်သူ ဦးလင်းအောင်၏ ဆောင်းနေကြာ ရေဆင်း ( ၁ ) စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး ရေတာရှည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်
Dec 04,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည်​ရေတာရှည်မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာဉ်များ ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။
ခေါင်လန်ဖူးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်
Dec 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ၂၀၂၀ ပြည့်နှစ် ယနေ့နံနက် ၁၀ နာရီခန့်က ခေါင်လန်ဖူးမြို့ စည်ပင်သာယာဈေးတွင် ဆောင်ရွက်ခဲ့သည်။
လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချကြခြင်း ရှိ/မရှိစစ်ဆေး
Dec 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းမပြုဘဲ ပါဆယ်(Take-Away) စနစ်ဖြင့် လည်းကောင်း၊ မြို့နယ်အတွင်းစျေးဆိုင်များ၊ စတိုးဆိုင်များ၊ အိမ်ဆိုင်များ အလုပ်ရုံများ သတ်မှတ်ထားရှိသည့် စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်မှု ရှိ/မရှိ မြို့နယ် စည်ကမ်းထိန်းသိမ်းရေး အဖွဲ့မှ ယမန်နေ့မွန်းလွဲပိုင်းတွင်လိုက်လံစစ်ဆေးခဲ့ရှိကြောင်း သိရသည်။
မင်းလှမြို့တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုး‌ရေးစီမံကိန်း(VDP) လုပ်ငန်း(၂၂)ခုလွှဲပြောင်း ပေးအပ်
Dec 04,2020
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) လုပ်ငန်း(၂၂)ခုအား ကျေးရွာကော်မတီများထံ လွှဲပြောင်း ပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီချိန်က ပြုလုပ်ခဲ့သည်။
ပန်းတနော်မြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရေး စရိတ်ချေးငွေများ ထုတ်ချေးပေး
Dec 04,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ​တောင်သူများ လယ်ယာ လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် အချိန်မှီအရင်းအနှီးများရရှိစေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်၌ ဆောင်းသီးနှံ စိုက်ပျိုးရေး စရိတ်ချေးငွေထုတ်ချေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက တောင်သူများအား ထုတ်ချေးပေးနေကြောင်း သိရသည်။