သတင်းများ

ဖာပွန်မြို့ အနောက်ဘက်ကမ်းကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ အား ကွင်းဆင်းစစ်ဆေး
Dec 04,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်းကျေးရွာ စီမံကိန်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန့်နံနက်(၉)နာရီအချိန်က ဖာပွန်မြို့၊ အနောက်ဘက်ကမ်းကျေးရွာ၌ ဒုတိယဦးစီးမှူးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရသည်။
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်ဆောင်ရွက်မည့် လုပ်ငန်းများတွင် တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက်ရှင်းလင်း
Dec 04,2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ လွိုင်ကော်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် လုပ်ငန်း များအား တင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့် မိတ်ဆက် ရှင်းလင်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (TalkShow) ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့် ဆေးရုံတက်ရောက်ကုသနေသူများအနက် မလွှပင်ကျေးရွာနေသူ (၁)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိ
Dec 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသဖြင့်၊ ဆေးရုံ တက်ရောက်ဆေးကုသမှုခံယူနေသူ၊ မင်းခေါင်းမြောက်ကျေးရွာအုပ်စု၊ မလွှပင်ကျေးရွာ နေသူ(၁)ဦး၊ ဒီဇင်ဘာ(၂)ရက်နေ့က ဆေးရုံဆင်းခွင့်ရရှိခဲ့ကြောင်းသိရသည်။
ထန်းတပင်မြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားရှိသူများအတွက် အာဟာရထမင်း (၃၇၅)ဘူးကို လာရောက်လှူဒါန်း
Dec 04,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုများမှ ကြို တင်ကာကွယ်သွားနိုင်ရန် အတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ ငါးခုနှင့် ဆေးရုံနှစ်ခုတို့တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်မှုများကို ဆောင်ရွက်နေပြီး အသွားအလာကန့်သတ်စောင့်ကြည့် ရေးစင်တာများနှင့် ဆေးရုံနှစ်ခုတို့အတွက် ညနေစာအာဟာရ ထမင်း(၃၇၅)ဘူးကို အ.ထ.က(ထန်းတပင်) အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာမှ တာဝန်ရှိသူများထံသို့ ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်
Dec 04,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် မြို့အဝင်အထွက်ဂိတ်များတွင် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာ နေ့စဉ် မြို့အဝင်အထွက် ဂိတ်များမှ ဖြတ်သန်းသွားလာလျက်ရှိသော မော်တော်ယာဉ်များမှ ခရီးသွားပြည်သူ တို့အား နှာခေါင်းစည်းများ တပ်ဆင်သွားလာရန်အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းတာစစ်ဆေးခြင်း၊ ကျန်းမာရေးနှင့်
သပိတ်ကျင်းမြို့ မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့ သရုပ်ပြခြင်းဆောင်ရွက်
Dec 04,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့၊ မြို့မဈေးရှိ ဈေးသူ/ဈေးသားများ မီးသတိ ရှိစေရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်ရည်ရွယ်ပြီး၊ အသိပညာပေးခြင်းနှင့်မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြမှုကို ယမန်နေ့ နံနက်(၁၀)နာရီက သပိတ်ကျင်းမြို့၊ မြို့မဈေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညောင်ရွှေမြို့၌ မြစိမ်းရောင်(သားငါးကဏ္ဍ) လက်ဆင့်ကမ်းဖြန့်ဖြူးရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ အင်းလျားကျေးရွာအုပ်စု၊ လွယ်မော်ကျေးရွာမှ မြစိမ်းရောင်(သားငါးကဏ္ဍ) အဖွဲ့ဝင် မွေးမြူရေးတောင်သူများ၏ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာနှစ်အတွက် လုပ်ငန်းများဆက်လက်ဆောင်ရွက်ရန် ဆဋ္ဌမအကြိမ် လက်ဆင့်ကမ်း ဖြန့်ဖြူးရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ညောင်ရွှေမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။