သတင်းများ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မီးဘေးသင့်အိမ်ထောင်စုများ အား ထောက်ပံ့ငွေများနှင့် ပစ္စည်းများပေးအပ်
Dec 04,2020
မွန်ပြည်နယ်၊မော်လမြိုင်ခရိုင်၊မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက်စိန်ချယ်လမ်းသွယ်၌ဒီဇင်ဘာလ (၃)ရက်နေ့နံနက်ပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာမီးဘေးသင့်အိမ်ထောင်စုအားထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုယမန်နေ့ညနေ၅နာရီခန့်ကသွားရောက်ပေးအပ်ခဲ့ကြသည်။
မြန်အောင်မြို့နယ် ရွာသစ်ကုန်းကျေးရွာနှင့်ခုနှစ်အိမ်တန်းကျေးရွာ မီးဘေးသင့်အိမ်ထောင်စု များအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်
Dec 04,2020
မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာနှင့်ခုနှစ်အိမ်တန်းကျေးရွာ မီးဘေးသင့်အိမ် ထောင်စုများအတွက် ဒီဇင်ဘာ ၂ ရက်နေ့က ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမ ှုဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းများနှင့်ရန်ပုံငွေများ သွားရောက်ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ်၌ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်း (Mask ) တပ်ဆင်ရေး ခုဝယ်ခုတပ် ကြပ်မတ်ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း Mask တစ်ခုကို ၂၀၀ ကျပ်နှုန်းဖြင့် ခုဝယ်ခုတပ်စနစ်ဖြင့်ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲအချိန်က နောင်ချိုမြို့မဈေး ထောင့် ၄ ခု၌ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အသိပညာပေး ကမ်းပိန်းလုပ်ငန်းများ ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး ကမ်းပိန်းလုပ်ငန်းများကို ယနေ့ နံနက်(၇)နာရီ အချိန်က မြို့လယ်ဓမ္မာရုံရှေ့တွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်  အွန်းလိုင်းအခမ်းအနားကျင်းပ
Dec 04,2020
၂၀၂၀ ပြည့်နှစ်၊ အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ်  အွန်းလိုင်း အခမ်းအနားကို  ဒီဇင်ဘာ ၃ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့  မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ ပဲခူးတိုင်းဒေသကြီးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်း​ဒေသကြီးအစိုးရ အဖွဲ့ကရင်တိုင်းရင်းသား လူမျိုး​ရေးရာဝန်ကြီး ​နော်ပွယ်စေးနှင့် တိုင်းဒေသကြီးမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော် မတီဝင်များ၊ Humanity and Inclusionအဖွဲ့မှတာဝန်ရှိသူများ၊ တိုင်းဒေသကြီးမသန်စွမ်းသူများအသင်းမှ ကိုယ်စားလှယ်များ စုစုပေါင်း (၅၀)ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်၊ လိုင်လင်းပီမြို့ တိုက်နယ်ဆေးရုံအတွက် ECG စက်ကို Win-Win Organization မှလှူဒါန်း
Dec 04,2020
ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသည့် ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၌ နှလုံးလျှပ်စစ် မှတ်သည့်စက် ECG ( Electrocardiograph) ကျပ်ကိုးသိန်းနှစ်သောင်းငါးထောင်တန်ဖိုးရှိ စက်လှူဒါန်းခြင်းကို တိုက်နယ်ဆေးရုံတွင် နံနက် ၁၀နာရီအချိန် ပြုလုပ် ခဲ့ကြသည်။
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ရာသီဥတု ​ပြောင်းလဲမှု ဖြစ်စဉ်နှင့်အညီ စိုက်ပျိုး ​ရေးကဏ္ဍအပေါ် အကျိုးသက် ​ရောက်မှုအား ​ဖြေရှင်း ကုစားနည်း သင်တန်းဖွင့်လှစ်
Dec 04,2020
​မော်လမြိုင်ခရိုင် ၊ကျိုက်မရောမြို့နယ်စိုက်ပျိုး​ရေးဦးစီးဌာနနှင့် FAO အဖွဲ့တို့ ပူး​ပေါင်း ၍ ​ကျေးရွာ​တောင်သူလယ်သမားများအား ရာသီဥတု ​ပြောင်းလဲမှု ဖြစ်စဉ်နှင့် အညီ စိုက်ပျိုး ရေး ကဏ္ဍအ​ပေါ်အကျိုးသက်​ရောက်မှုအားကြိုတင် ​ဆောင်ရွက်ရန် နှင့်ဖြေရှင်း ကုစားနည်းသင်တန်း ကိုယမန်​နေ့နေ့လည်ကကဒါ​ကျေးရွာအုပ်ချုပ်မှူး ရုံး၌ပြုလုပ်ခဲ့သည်။
ရှမ်းရွာသစ်မြို့တွင် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲ ဆောင်ရွက်
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၀ပြည့်နှစ်၊ ဒီဇင်ဘာလ(၉)ရက်နေ့တွင် ကျရောက်မည့် နှစ်(၁၀၀)ပြည့် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်ရှိ