မိတ္ထီလာခရိုင်အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များမှ ဦးဆောင်ကျင်းပသည့် မိတ္ထီလာခရိုင် အတွင်းရှိ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ယနေ့နံနက် ၆ နာရီအချိန်က မိတ္ထီလာမြို့ သာသနာ့ဗိမာန်တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူ(၁၉)ဦးထပ်မံဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလ(၁၉)ရက်နေ့က (၉)ဦးနှင့် ယမန်နေ့၊ ညနေ(၆)နာရီအချိန်က (၁၀)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ(၁၉)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။

ကလေးခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ လှူဒါန်းသည့် အောက်စီဂျင်ဘူး (၂၀၀) ကို ကိုဗစ်-၁၉ အတည်ပြုလူနာများ ထားရှိရာ တိုင်းရင်းဆေးရုံ အထူးကြတ်မတ်ကုသဆောင်သို့ ဆက်လက် လှူဒါန်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အသကရှူရန် ခက်ခဲသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် ကလေးမြို့နယ်အတွင်းရှိ အလှူရှင်များက

စစ်ကိုင်းတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း တောင်သူ များ၏ ဝင်ငွေမထိခိုက်စေရေး စိုက်ခင်းထဲအရောက် အသိပညာပေး လုပ်ငန်းများ လုပ် ဆောင်ပေး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စိုက်ခင်းများထဲအရောက် လိုက်လံ လုပ်ဆောင်ပေးလျက် ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာ၌ ယာဉ်မောင်း(၂)ဦးထံ တွင် ကိုဗစ်−၁၉ရောဂါပိုးတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၅၄)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၉၆)ဦးအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ဒီဇင်ဘာလ ၁၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း လားရှိုးမြို့ မံဖိုင်လမ်း၊ နယ်မြေ(၃) အမှတ်(၁၂)ရပ်ကွက်နေသူ အမျိုးသား(၁)ဦးနှင့် အောင်မြေသာဇံမြို့နယ် အကွက်အမှတ် (၈၈)၊ မင်းတဲအီကင်းရပ်ကွက် နေထိုင်သူ (၆)ဘီးကုန်တင်ယာဉ်မှ ယာဉ်မောင်း အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါပိုး ထပ်မံစစ်ဆေး တွေ့ရှိခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ် တွင် ပူးပေါင်းအဖွဲ့များဖြင့် Mask Campaign လှုပ်ရှားမှုဆောင်ရွက်

ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ပြည်သူများနှင့်ခရီးသွားပြည်သူများ ရောဂါ ကြိုတင်ကာကွယ်ရေး အနေဖြင့် အပြင်ထွက်တိုင်း Mask တပ်ဆင်အသုံးပြုသည့်အလေ့အထများ ရှိစေရန် Mask Campaign အသိပညာပေး လှုပ်ရှားမှုကို ယနေ့နံနက်က ပူးပေါင်း အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

ဗန်းမော်မြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးဗိုလ်မှူးကြီး ကျော်လင်းအောင် က ဗန်းမော်ခရိုင်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့နှင့် တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ရှေးဟောင်းရွှေထည်ပစ္စည်းများ တတိယအကြိမ် လာရောက်အပ်နှံ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျ ထားသည့် နေရာများတွင် ဒေသခံ(၂)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည်ပစ္စည်း(၃)မျိုးတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက တတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။

တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေး အရှိန်မြှင့်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အဖွဲ့အစည်းများ၊ အလှူရှင်၊ စေတနာရှင် ပြည်သူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေလျက်ရှိရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အရှိန်အဟုန်မြှင့်၍ ပူးပေါင်းဆောင်ရွက်ကြသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၁၁)ဦးကို Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ပို့ဆောင်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့ သူ(၁၁)ဦးကို Quarantine ဝင်ရောက်ရန် နေအိမ် မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။
Subscribe to